အပိုင်း (3)

5.8K 280 7
                                    

လယ်ထဲအလုပ်ပြီးလို့ထမင်းစားနားနေရင်းမနက်ကအကြောင်းကိုပြန်တွေးမိတယ် ပန်းနုနဲ့နှစ်ယောက်သား လျှောက်လာရင် လမ်းတဝက်မှာတင် အမူးသမား ကိုသန်းဇော်ကြောင့် ပန်းနုက ဒေါသဖြစ်ပြီး ကို့ဖက်က ရန်တွေ့ပေးပေမဲ့ တကယ်တမ်းတခုခု ဖြစ်လာရင် ကိုတွေဖက်ကအထိနာမှာကြီးပဲ ကိုသန်းဇော် အမေ ဒေါ်စိန်က ရွာထဲမှာဆို တောသူဋ္ဌေးမကြီးလေ ဘယ်သူ မှသူနဲ့ဖက်ပြီး ပြသနာမဖြစ်ချင်ကြဘူး။ အာ့အထဲမှာ ပန်ပန်က ပိုဆိုးတာပေါ့ နဂိုထဲက မှအမြင်မကြည်ရတဲ့အထဲ သူ့သားသာကို့ကြောင့်တခုခုဖြစ်ကြည့်ပါလား အမလေး ရစရာကိုရှိမှာမဟုဘူး။ ခုလဲ တော်သေးတာ ပေါ့ ပန်းနု အကိုရောက်လာလို့သာပဲ မဟုရင်မတွေးရဲစရာ။ အတွေးကတောင်ရောက်မြောက်ရောက်နဲ့ကိုသန့်စင်နဲ့ပါလာတဲ့အကိုကြီးကိုတွေးမိပြန်ရော အာ့အကိုကြီးက ကိုသန့်စင်တို့လိုညိုနေတာမဟုဘူးတော့ မဖြူပေမဲ့အသားကဝင်းပြီး ကြည့်ကောင်းတာမျိူး အရပ်ကြီးကလဲ အရှည်ကြီး ပဲ မျက်လုံး မျက်ခုံးကအစ ကြည့်လိုက်ရင် ရှိန်ချင်စရာ ပိရိ​သေသပ်တဲ့နှုတ်ခမ်းက မထူမပါးနဲ့ တော်တော် တော့ကြည့်ကောင်းသား အေးပေါ့လေ ဆရာဝန်ဆိုတော့လဲ ကြည့်ကောင်းတာမထူးဆန်းပါဘူး သူတို့ လို့ လယ်ထဲ ချောင်းထဲဆင်းနေရတာမှမဟုတာ မဆီမဆိုင် တွေလျှောက်တွေးနေမိပြန်ပြီသူ့ဘာသာ ဘာကြီးဖြစ်ဖြစ် ကိုယ်နဲ့မှမဆိုင်တာ ကိုယ်နဲ့ဆိုင်တာ ထမင်းနပ်မှန်အောင်စားရဖို့ပဲလေ ။ ပန်းနုတစ်ယောက်ကလဲ ဟို ဖက်ကအဖွဲ့ဆီခနဆိုပြီးသွားလိုက်တာ ပြန်ကို မလာသေးဘူး ။

" ပန်ပန်ရေ... ပန်ပန်မ ညည်းဘာတွေတွေးနေတာတုန်းအေ့''

" အမလေး ပြောရင်းနဲ့ညည်းအသက်ရှည်မှာ ညည်းအကြောင်းတွေးနေတာ ခုထိ ပြန်မလာသေးလို့ ဟိုဖက်မှာများတရွာတကျီဆောက်တော့မလားလို့'' ပန်ပန်က မျက်စောင်းထိုးရင်ပြောလာတော့ ပန်းနုက သဘောတကျ ရီပါလေရော။

" အမလေး မိပန်ရယ် ညည်းပေါက်ကရတွေ​သိပ်ပြောတာပဲ ဒါနဲ့ညည်းက​ေရာဘာတွေတွေးနေတာလဲ ဘာလဲ မနက်က ဟိုအကိုကြီးအကြောင်းမလားပြောစမ်း''

" မဟုပါဘူးအေ ဒီတိုင်း ဟိုတွေးဒီတွေးပါ သူ့အကြောင်းသက်သက်ရယ်တော့မဟုပါဘူး ''

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now