သီတင်းကျွတ် လပြည့်နေ့ဆိုတော့ မနက်ထဲက အစောကြီး ထ ဘုရားပန်းလဲ သောက်တော်ရေကပ် ဆွမ်းကပ် ဆီမီးပူဇော်ပြီး ငါးပါးသီလ ခံယူထားသည်။.ပထမတော့ ပန်တစ်ယောက်ထဲ ပူဇော်ပေမဲ့ မောင်ရောသားသားရောပါနိုးလာတော့သူ့တို့ပါတခါထဲဝင်ပြီး ငါးအားသီလခံယူသည်။.သားသားက ငယ်သေးတော့ ဘုရားရှိခိုးတာလောက်ပဲလုပ်ခိုင်းသည်။.ကလေးဆိုတော့ ငါးပါးသီလယူပြီး မစောင့်ထိန်းနိုင်ရင် ငရဲ ကြီးမှာဆိုးသောကြောင့် ဖြစ်သည်။ လပြည့်နေ့ဆိုတော့ ဆိုင်လဲ ပိတ်ထားသည်။.ကလေးတွေကိုတော့ဘမနေ့ထဲက သိတင်းကျွတ်မုန့်ဖိူးပေးထားတာဖြစ်သည်။.အရင်ကထက်လူက ၁၀ယောက်ပိုတိုးလာတော့ တစ်ယောက်၃သောင်းစီသာပေးဖြစ်သည်။ ၃သောင်းပဲပေးနိုင်တာတောင်သူတိူ့မှာပျော်နေကြတာဖြစ်သည်။ညနေကျရင်အရီးလေးဆီကိုလဲ သွားကန်တော့မည်။အခုတော့ သားသားက ခေါက်ဆွဲကြော်စားချင်တယ်ဆိုလို့ မောင်က သူကြော်ပေးမယ်ပြောပြီး မီးဖိုထဲရောက်နေ၏။သားသားကပါလိုက်သွားသည်။.သားအဖ နှစ်ယောက်ထဲလွှတ်ထားရင် အဆင်မပြေမှာသိနေတဲ့အတွက်ပန်ပါ လိုက်သွားဖို့ အောက်ဆင်းလာလိုက်သည်။ မီးဖိုချောင်ထဲမရောက်ခင်ထဲကာသားရဲ့ အမေးစကားနဲ့မောင်ရဲ့အဖြေစကားတွေကိုကြားနေရသည်။
"ပေပေ ပေပေ့ ဒီ နီနီလေးက.ဘာရေးယဲဟင်''
"မုန်လာဥနီ လို့ခေါ်တယ်သားရဲ့ တချို့နေရာမှာဆို ခါကြက်ဥ လို့ခေါ်ကြတယ်''
"ဒီ စိမ်းစိမ်းလေးကရော ''
"အာ့တာလေးက ပဲသီးလေ သားလေးရဲ့ဒီဟာလေးက ဂေါ်ဖီထုပ် ဒါလေးက ပန်းဂေါ်ဖီ ခေါက်ဆွဲကြော်ထဲ ထည့်ဖို့ပေါ့''
သားက လက်ညိုးလေးတထိုးထိုးနဲ့မေးသမျှကိုဟင်းသီးဟင်းရွက်လှီးနေရင်းနဲ့မောင်ကာစိတ်ရှည်ရှည်ပြန်ဖြေနေသည်။.ပန်ကြော်မယ်ပြောလဲမရ ။ မြို့ကပုံစံအတိုင်းကြော််ချင်လို့တဲ့လေ။ ဘာထူးမှာလဲ ခေါက်ဆွဲပြုတ် အသီးအရွက်နဲ့ရောကြော် ပြီး တာပဲကို.သူ့ကျမှအဆန်းထွင်နေတာ ပုလင်းသေးသေးလေးတွေကလဲ ၃ဘူး ၄ဘူး ပန်ကတော့ ပဲငံပြာရည်ဘူးပဲသိသည်။.ကျန်တာမသိ။ ဒီကြားထဲ သူ့သားကပုဇွန်ဆိုလို့ ပုဇွန်ရောင်းတဲ့ရွာက ဆိုင်မှာသွားမှာပေးထားရသည်။
YOU ARE READING
🌹🌹ပန်တော်မူ🌹🌹(Completed)
Romanceသနားစရာကောင်းp ရွာရဲ့အပယ်ခံ ဒွိလိင် ကောင်လေး တစ်ယောက်နဲ့ မိဘတေမရှိတော့လို့သူငယ်ချင်းနေတဲ့ရွာကိုလိုက်လာတဲ့ ဆရာဝန်ကောင်လေး တို့ရဲ့အကြောင်း