အပိုင်း(18)

4.3K 176 0
                                    

ပြသနာတွေအကုန်ပြီးသွားသလို ပန့်ဗိုက်လေးက၈လပြည့်သွားခဲ့ပြီ။ ဆရာမလေးကလဲ ရွာကပြန်သွားတာ ၃လပြည့်ခါနီးသလိုသူ့နေရာမှာလဲ ဆရာမလေး အသစ်လဲရောက်လာသည်။ သူပန့်ကိုလုပ်တဲ့ကိစ္စ ကိုပန်သိပြီးပါပြီ။.မောင် နဲ့ပန်းနု တို့ကမပြောပေမဲ့ ဆိုင်က ကလေးတွေပြောနေကြတော့လဲ သိသွားတာပဲ။ ပန့်ကို စိတ်ဆိုးလားမေးရင်တော့ ဆိုးတာပေါ့ ။ ပန့်ကလေးလေး တခုခုဖြစ်ရင်သူ့ကိုခွင့်လွှတ်နိုင်မှာမဟုပူး ဒါပေမဲ့ ပန့်ကလေးလေး ဘာမဖြစ်ဘူးဆိူတာနဲ့ပဲစိတ်ကိုလျှော့ချလိုက်ပါတယ်လေ။ အမုန်းတွေပွားနေလဲဘာမှ မှမရတာ သူလဲရွာမှာ ရှိမှမရှိတော့တာ။

သကြ်န်ပြီးလို့၃ရက်လောက်ကြာတော့ မောင်နဲ့အတူာကိုသန်းဇော်ကို ကျေးဇူး တင်စကားသွားပြောသေးသည်။.ဒေါ်စိန်ကလဲ အရင်ကလိုအမြင်မစောင်းသလို ကိုသန်းဇော် ကလဲ သူအရင်ကမှားခဲ့တာတွေအတွက် တောင်းပန်တယ်တဲ့လေ။ ဖြစ်ပြီးတာကြာနေပြီးအခူလဲသူက ပန့်ကလေးလေးကို ကယ်ပေးတဲ့သူမလား။ ပန်တို့ လဲ စိတ်ထဲမထားတော့ဘူးလို့ပဲဖြေလိုက်ပါသည်။

အခုတော့ ပန်သရက်သီးသုပ်စားချင်တယ်ဆိုလို့ မောင် ကသုပ်ပေးနေလေရဲ့

"ကဲ ရပါပြီ ဗျာ.မောင့်မိန်းမလေး စားချင်တဲ့သရက်သီးသုပ်''

မောင် ယူလာတဲ့သရက်သီးပန်းကန်ထဲက တစိတ်ယူစားကြည့်လိုက်သည်။

"ဟင် မောင် ကလဲ စပ်စပ်လေး သုပ်ပေးပါဆိူတာကို''

"တော်ပြီလေ ကလေးရယ် အရမ်းကြီးအစပ်တွေစားရင် ဗိုက်ထဲက ကလေးလေးက ဆံပင် ပါမလာပဲနေလိမ့်မယ်နော်''

"ဟင် တကယ်လား အာ့တာဆို အစပ်ထပ့မထည့်တော့ဘူးနော် ဒီတိုင်း ပဲစားတော့မယ်''

"အင်း လိမ်မာတယ် မောင့်ကလေးလေးက''

ပန် ကတော်ရုံအစပ်တွေဘာတွေသိပ်မစား ဗိုက်အောင့်တတ်လို့တဲ့။အခုတော့များစားလိုက်တဲ့အစပ် အခုလဲ သူ့ကလေး ဆံပင်ပါမလာဘူးပြောမှမျက်လုံးလေးပြူးပြီး မစားတော့ဘူးတဲ့လေ။ ပန်ကလေသူ့ကလေးလေးကိုသိပ်ချစ်တာပဲ တခုခုဆို ကလေးနဲ့သာကိုင်ပေါက်ပြီးပြောလိုက်အကုန်လက်ခံသည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now