အပိုင်း(7)

5.9K 238 4
                                    

နှင်းတွေဝေနေတဲ့ဒီဇင်ဘာရဲ့မနက်ခင်းမှာ ''အေးရိပ်သာယာ'' ရွာလေးရဲ့ ရွာဦးကျောင်းမှာဖွင့်ထားတဲ့မဂ်လာသီချင်းသံက အရပ်ရှစ်မျက်နှာတခွင်ကိုပျံ့လွင့်နေတယ်

" မောင်နဲ့မယ် နှောင်ဖွဲ့ အခြေမှာ
   နေနဲ့လ ရွှေနဲ့မြ ပုံပမာ~~~~~'''
သီချင်းလေးအတိုင်းမဂ်လာသတို့သားနဲ့သတို့သမီးက နေနဲ့လ လိုလိုက်ဖက်နေတယ်  ပန်ပန်ကလဲ ငွေနဲ့ခဲကိုစပ်ချုပ်ထားတဲ့ ဇာလက်ရှည်လေးနဲ့ ချိတ်ထမိန်လေးနဲ့ ဆံပင်အရှည်လေးကို တဝက်ထုံးပြီး တဝက်ကိုရှေ့ချထားတဲ့ပုံလေးက မြင်သူတကာနှစ်ခါ ငေးချင်စရာ သတို့သားကလဲ တိုက်ပုံအဖြူနဲ့ပုဆိုးခဲရောင်နဲ့ ပြုံးနေလိုက်တာ တစ်လောကလုံး  အပိုင်စားရနေသလိုပဲ
မနက်ပိုင်းတရားနာရေစက်ချပြီးတော့ လာတဲ့ပရိသတ်တွေကို မုန့်နဲ့ဧည့်ခံကျွေးမွေးနေကြတာ စည်စည်ကားကား ရွာဆိုတော့လဲ  အကုန်လုံးစည်းစည်းလုံးလုံးနဲ့ဝိုင်းဝန်းလုပ်ကိုင်ပေးကြတာဆိုတော့ ဘာမှ လိုအပ်ချက်မရှိ ဘူးအကုန်လုံးကျွေးမွေးသိမ်းဆည်းပြီတော့ ပန်ပန်တို့လဲ အိမ်ကိူပြန်ကြတယ် ဘွားမြနဲ့နေခဲ့တဲ့အိမ်လေးကို သေချာ ပြန်ပြင်ထားတော့ အဆင်သင့်နေရုံပဲလေ အရင်က ဘွားမြနဲ့ ပန်ပန်နှစ်ယောက်ထဲရှိတော့ အခန်းတွေဘာတွေ​မဖွဲ့ပဲနေပေမဲ့ အခုက မရတော့​ဘူး​ေလအိမ်လေးက သစ်သားအိမ်တထပ်လေး ဆိုတော့ အများကြီး တော့မပြင်ရပူး သွပ်တွေဘာတွေပြန်လဲတာရယ် အိမ်ဘေးဖက်တွေရေနံချေးလေးလိုက်သုတ်ပြီး အိမ်ထဲကို အခန်းလေးပြန်ဖွဲ့ မီးဖိုချောင်လေးကိုလဲ နည်းနည်းချဲ့လိုက်တာရယ် မောင် ရယ်ကိုသန့်စင်ရယ် ရွာထဲက ကာလသားတွေရယ်ဝိုင်းလုပ်ကြတာ အာ့တုန်းကဆိုလေ ပန်ပန်အံ့သြမိတာ မောင့်လိုဆရာဝန်က ဒီလို အလုပ်တွေလုပ်တတ်နေလို့လေ ။ ပန်ပန် အံ့သြ တာကို မောင်ကသိလိူ့ထင်ပါရဲ့ ပြောပြတယ် မောင်တိူ့ကသားအမိနှစ်ယောက်လဲနေလာတာရယ် မြို့မှာမနေခင် သူတို့ လဲ ရွာမှာနေခဲ့ဘူးတော့ ဒီအလုပ်တွေနဲ့ရင်းနှီးတယ်တဲ့လေ။

အိမ်လဲရောက်ရောပန်းနုတို့ မိန်းကလေးတွေက ဝိုင်းပြီးရွှေကြိုးတားကြတယ် မောင် ကလဲ ကြိုသိနေတယ်ထင်ပါတယ် စာအိတ်လေးတွေဘယ်အချိန်ထဲက ပြင်ထားလဲမသိဘူး တစ်ယောက်တစ်အိတ်စီထုတ်ပေးတယ် အာ့ကျမှပဲ အိမ်ထဲကိုဝင်ရတော့တယ် အိမ်ထဲလဲရောက်ရော အရီးနုရယ် သူကြီး တို့ရယ်ကို မိဘအရာထားပြီ ကန်တော့ ကြတော့ အရီးတိူ့က ဆုတွေတသီကြီးပေးကြတယ်

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now