အပိုင်း(21)

4.2K 172 0
                                    

သားသားကိုမွေးပြီးတာ တစ်လပြည့်တော့ပန်လဲ အရင်လို မီးဖိုချောင်ပြန်ဝင်နိုင်ပြီ။ သားသားက တော်ရုံမငိုဘူး နို့ဆာတဲ့တစ်ချိန်ပဲ ကျန်တဲ့အချိန်ဆိုသူ့ပုခက်လေးထဲသူ့ဘာသာငြိမ်နေတတ်တယ်။ သား၇ရက်ပြည့် ခေါင်းဆေးတုန်းက တစ်ရွာလုံးကို ပေါင်မုန့်အုန်းနို့ဆမ်းဝေလိုက်သေးတယ်။.သားသားကို အရင်ထဲကပေးထားတဲ့ဖိုးကံကောင်းလိုပဲ ခေါ်ကြသည်။ရက်(100)ပြည့်မှပဲ နာမည်ပေး ကင်ပွန်းတပ် ပွဲ လုပ်မည်။

မီးဖိုချောင် ကိုဝင်နိုင်ပြီသာပြောတာ တော်ရုံဟင်းတွေဘာတွေမချက်ရ။.အရီးလေးကအမြဲ ချက်ပို့ပေးသည်။ အဝတ်ကလဲလျှော်လို့မရသေး။သွေးနုသားနုမို့ ဆပ်ပြာမကိုင်ရသေးဘူးတဲ့လေ။ ထမင်းတစ်အိုးသာ ချက်ရသည်။.အဝတ်ဆိုလဲ မောင်ပဲလျှော်သည်။ အခုဆို သားသား အနှီးနဲ့အကျီလေးတွေပါ မောင်ကလျှော်ရတာဖြစ်သည်။.မောင် က သားသားစမွေးထဲက အခုထိ တချက်မညည်း အကုန်လုပ်ပေးသည်။ ပန့် ထမိန်တွေပါလျှော်နေလို့ငရဲကြီးမှာစိူးလို့ တားရသေးသည်။ တားတိုင်းလဲ  'ချစ်လို့ ယူထားတာ ဒီလင်မယားနှစ်ယောက်ရှိတာ မောင်မလုပ်လို့ ဘယ်သူလုပ်မလဲတဲ့' ဟုတော့လဲ ဟုသည်အရီးလေးကိုလဲ အသက်ကြီးတော့ မလျှော်ခိုင်းချင်။.ပန်းနုကျလဲ အားနာသည်။.အာ့တော့ မောင်ပဲလျှော်ရတာပေါ့။

အခုလဲ အရီးလေးက ဟင်းလာပို့ပေးပေမဲ့ မောင့်အတွက်အသီးအရွက်လေး ကြော်ပေးချင်လို့မနက်ထဲက မောင့်ကို ခူးခိုင်းထားတဲ့ကန်စွန်းရွက်၊ ဘူးညွှန့်၊ ဖရုံညွှန့်၊ ဆူးပုပ် ရွက် အစုံကိုငရုတ်သီးလေးစိပ်ကွဲနဲ့ အရည်စပ်ကျင်းလေးချက်ပေးလိုက်မည်။.ဆီသတ်တဲ့ညှော်သာမလုပ်ရပေမဲ့ဒီလိုမျိုးလေးတော့လုပ်လို့ရနေပြီမိူ့ ကို့ဘာသာပဲလုပ်လိုက်သည်။အရီးလေးကတော့ဟင်းသာချက်ပေးသည်။တခြားဟာ.ပန့်ဘာသာပဲအဆင်ပြေအောင်လုပ်လိုက်သည်။ အကုန်ပြီးလို့ အခန်းထဲဝင်လာတော့ာသားသားကနိုးနေပြီ သူ့ပုခတ်လေးထဲမှာမျက်လုံးလေးတွေကဟိုကြည့်ဒီကြည့်နဲ့။သားသား၇ရက်ပြည့်ထဲက အပေါ်ထပ်ကအခန်းကို ပြန်ရွှေ့ထားတာဖြစ်သည်။

"မေမေ့သားလေး နိုးနေပြီလား ဟုလား''

"အဲ့~ အဲ့''

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now