Extra

4.7K 161 7
                                    

"ကဲ လကာ် ခုထိ ဂျီကျလို့မပြီးသေးဘူးလားပြော.ဟိူမှာဖေဖေနဲ့ကိုကိုက အကုန်အဆင်သင့်ဖြစ်နေပြီ ''

"ဟာ.မေကလဲ သားမှ ထမိန်ကြီးမဝတ်ချင်တာကို''

"မေနဲ့ဆင်တူလေ လကာ်လေးကလဲ ကိုကိုဆို ဖေဖေနဲ့ဆင်တူ ဝတ်ထားတယ်လေ''

"အင်း လေ သားလဲ ဖေဖေနဲ့ကိုကို လို့ ဝတ်ချင်တာလို့ဆို''

"ဖေဖေနဲ့ကိုကိုလို ဝတ်လို့ မှမရတာ လကာ် မေမေ မရိုက်ချင်ဘူးနော် ပြောနေတာမရဘူးလား''

ဒီနေ့ ပန်တို့ အလှူပွဲပင်ဖြစ်သည်။.ရွာထဲက ရှင်မပြုနိုင်တဲ့ ကလေးတွေကို ရှင်ပြုပြီး ရဟန်းဝတ်ချင်တဲ့ လူတွေကို ရဟန်းခံပေးတာဖြစ်သည်။.ဒီနေ့ အလှူအဝင်မို့လို့ ရှင်လောင်းလှည့်ရမှာပင်။.ညနေ ၃နာရီ လောက်မှ အနီးနားကရွာတွေကိုပါပတ်မှာ ဆိူတော့ ခုထဲကပြင်ဆင်နေရတာဖြစ်သည်။.မောင်ရော သားသားရော အကုန် အဆင်သင့် ဖြစ်နေပေမဲ့ မိလကာ် တို့ က ခုထိဂျီကျကောင်းတုန်း ထမိန်မဝတ်ချင်လို့တဲ့လေ မောင် နဲ့ပန်မြို့ ကိုသွားပြီးဆင်တူလေးတွေဝယ်လာခဲ့တာပင်။ရွှေရောင်နဲ့ခဲနဲ့စပ်ထားတဲ့ချိတ်ထမိန် နှစ်ထည် ပုဆိူး၂ထည် မောင် နဲ့သားက ပုဆိူးဆင်တူ.ပန် နဲ့သမီးလေးက ထမိန် ဆင်တူဆိုပြီး ဝယ်လာခဲ့ပေမဲ့ မိလကာ်တို့ လုပ်ပုံကမဟု။

"လကာ် ဝတ်မှာလား မဝတ်ဘူးလား''

"ဟင့်...မေကလဲ''

"အေး ငါရိုက်တော့မယ်''

"ဟေ့ သားအမိတွေမပြီးသေးဘူးလား''

မောင် နဲ့သားက အခန်းထဲဝင်လာပြီးမေးသည်။ သားက ပုဆိုး လေးဝတ်ထားတော့လူကြီးပေါက်စလေးကျနေရော။၁၀နှစ် ကျော်လာတော့ အရပ်ကရှည်လာလိုက်တာ ပန်ကိုတောင်မှီတော့မည်။ သားအဖနှစ်ယောက်က မသိရင်ညီအကိုလိုပင် ။မောင်က မေးပြီး သူ့သမီးအနားလာထိုင်သည်။ဟိုက ခုထိ ဘောင်းဘီ တို လေးနဲ့ ထိုင်ကောင်းတုန်း။.

"ဖေ့ အမွှေစိန် လေး ဘာတွေဖြစ်နေတာလဲ''

"ဖေ့ သားက ထမိန် မဝတ်ချင်ပါဘူး ဆိုမေမေက အတင်းဝတ်ခိုင်းနေတာ''

"သြော် ရှင်လေးက မိန်းကလေး..လေထမိန်မဝတ်ချင်လို့ ဖြစ်မလား မအေ က ကောင်းမယ်ထင်လို့ ဝတ်ပေးရင် အမြဲ ဂဂျီ ဂဂျောင်နဲ့ ''

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now