အပိုင်း(23)

3.9K 151 0
                                    

မနက်မိုးသောက်အလင်းရောက်လာတော့ အသူရိန်နေမင်းကြီး က ရောင်ဝါတွေဖြန့်ကျက်လာတော့သည်။အိပ်ခန်းလေးထဲမှာအိပ်နေကြတဲ့ မိသားစုလေးကတော့ နွေးထွေးမှုတွေနဲ့တစ်ယောက်နဲ့တစ်ယောက်ဖတ်ပြီးအိပ်စက်နေကြတုန်း အာ့ထဲကမှ သေးသေးပေါက်စီလုံးလေးက တလှုပ်လှူပ်နဲ့နိုးလာသည်။ မျက်စိနှစ်ဖက်ကိုသူ့လက်သေးသေးလေးတွေနဲ့ပွတ်သက်ပြီး ဘေးကိုကြည့်တော့ဖေဖေနဲ့မေမေက အိပ်နေတုန်းဖြစ်သည်။.ပေါက်စီလုံးလေးက တရွေ့ရွေ့နဲ့ သူ့အဖေပေါ်တက်ပြီး ပါးနှစ်ဖက်ကိုသူ့လက်နှစ်ဖက်နဲ့ကိုင်ပြီး နှိုးတော့သည်။

"ပေပေ ပေပေ့ ထ ထ ညီမယေးဆီတွားမယ်''

ပန်တို့ အိပ်နေတုန်း.သားက လှုပ်စိလှုပ်စိ နိူးလာပြီး.သူ့အဖေကို နှိူးနေသည်။.အဖေလုပ်သူက မထတော့ သူစိတ်မရှည်တော့ဘူးထင်တယ် ပန့် ဖက်လှည့်ပြီး နှိူး ပြန်သည်။

"မေ့ မေ့ ထတော့ ယို့ ညီမယေးရှီ တွားချင်ယို့ပါချို''

"မေမေ့သား လေးက နိုးနေတာလား ဟုလား ညီမလေးဆီကို  နေ့ခင်း လောက်မှသွားမယ်လေသားရယ် နော်''

"ဟင့်အင်  ထု ထုတွားချင်ရာပါချိူ''

"ဖေဖေက အိပ်ရေးပျက်လို့အိပ်နေတာသားရဲ့  တိူ့သားအမိအရင်ထမယ်လေ မနက်စာစားပြီးမှသွားကြမယ်လေနော်''

"ဟု ''

"အလိမ္မာတုန်းလေး ရွှတ်...ထ မျက်နှာသစ်ကြမယ်''

"ည​က်နှာ သစ်မယ်ဟေ့... ''

ညက စကားဝါက ကလေးမွေးတယ်လေ.မိန်းကလေး တဲ့။.မောင်ကသွားမွေးပေးရတော့ညက မိုးလင်းခါနီးမှ ပြန်လာတာဖြစ်သည်။.အာ့တော့ အိပ်ရေးပျက်နေလို့ ခုထိမနိုးသေး။.ညက.သူ့အဖေ ထသွားတဲ့အချိန်သားကတရေးနိုးတာဆိုတော့သူ့အဖေဘယ်သွားလဲမေးလို့ ညီမလေး ကို သွား ​​ မေွး ပေးတာလို့ ပြောလိုက်ရသည်။.ဒါတောင် ဘယ်လို သွား ​မေွးမှာလဲမေးနေလိူ့ မနည်းကို ဖြေရှင်းရသည်။.တီတီစကားဝါက ကလေးလေးမွေးမှာ ဖေဖေက မွေးပေးဖို့သွားတာ လို့ပြောမှသာပြန်အိပ်တော့သည်။ သားက ကလေးမွေးတာကိူနားမလည်ပေမဲ့ စကားဝါ ဗိုက်ကိုအမြဲ မြင်နေရတော့တီတီက ကလေးလေးမွေးမှာပြောထားလို့ သိနေတာဖြစ်သည်။ ပန်လဲ သားအိပ်ပြီးရော ညီမလေး လို့ပြောထားပေမဲ့ မောင်ပြန်လာလိူ့မေးကြည့်တော့လဲ မိန်းကလေးတဲ့လေ။.အခူလဲ အာ့ကိုသွားဖိူ့တာဆူနေတာဖြစ်သည်။ဆိုင်က မနေ့က တရက်ပိတ်ပေးထားတော့ ဒီနေ့ဆက်ပိတ်ပေးလို့က အဆင်မပြေ။ ကလေးတွေနဲ့ပဲ ထားခဲ့ရမည်။.ကလေးတွေကလဲ အားကိုးနေရပြီဖြစ်သည်။အတတ်လေး နောက်ကို မြန်မြန် လိုက်မှ သူကသူ့ ညီမလေးကို တွေ့ချင်နေတာဆိုတော့ လုပ်ချင်ရာလုပ်မှာ ။.ဟိူတခါ ကလဲ ရေချိူးခန်းထဲအရင်လွှတ်မိပါတယ် သွားတိုက်ဆေးဘူးကိုယူပြီးဆော့တာ တစ်ဘူးလုံးကုန်ပါလေရော။ သားသားက.. အေးတဲ့နေရာအေးပေမဲ့ အာ့လိုလဲတခါတလေ မွှေတတ်သေးသည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now