အပိုင်း(17)

4.2K 177 0
                                    

ပန်အိပ်ပျော်သွားတာသေချာမှ ကျွန်တော်လဲအောက်ထပ်ဆင်းလာသည်။ ပန်းနုနဲ့သန့်စင်တို့လဲ အိမ်ထဲမှာထိုင်စောင့်နေသည်။.ကြည့်ရတာသူတို့လဲ စိတ်ပူနေပုံပင်။.နေ့ခင်း၁နာရီ လောက်ရှိပြီဆိုတော့ အလှူမှာလဲလူသိပ်မရှိတော့ပေ။ ဆိုင်က ကလေးတွေနဲ့လွှဲထားခဲ့တယ်ထင်သည်။

"ကိုကြီး ပန်ပန်အဆင်ပြေလားဟင်''

ပန်းနုက အရင်မေးလာသည်။.အင်းပေါ့လေ ပန်နဲ့သူနဲ့က ငယ်ငယ်ကထဲက သူငယ်ချင်းတွေလဲ ဖြစ်သလိုအရမ်းလဲ ချစ်ကြတာဆိုတော့စိုးရိမ်နေမှာပေါ့။

"ဟုတ်တယ်  တည်ကြည် ပန်ပန်အဆင်ပြေလား ဗိုက်ကိုထိမိသွားသေးလား ငါတိူ့လဲ ဖြစ်ဖြစ်ချင်း ပြေးလာချင်ပေမဲ့ထမင်းရုံကဒီတိုင်းထားခဲ့လို့မရလို့လေ''

သန့်စင်ကလဲ စိုးရိမ်တကြီးမေးပါသည်။.သူ့အတွက် လဲ ပန်က.ညီမလေးလိုဖြစ်နေတော့စိတ်ပူနေတာဖြစ်မည်။.ဒါတောင် အမေက သကြ်န်ရက် တရားစခန်းဝင်နေလို့သာ.မဟုရင် အမေကပိုဆိူးမှာ။ကျွန်တော်လဲ ခုထိ စိုးရိမ်စိတ်မပြေသေး။ကိုယ်တိုင် ဆရာဝန်လုပ်ပြီး အာ့လိုမျိုးတွေ ကြုံတွေ့ဖူးပေမဲ့ တကယ့်​တကယ် ပန်လဲ ဖြစ်ရောခြေမကိူင်မိလက်မကိုင်မိ ။.စိတ်ကိုအေးအေးထားပြီးတည်ငြိမ်အောင်မနည်းကိုလုပ်ယူရသည်။

"အင်း  အဆင်ပြေသွားပါပြီ ပန်က မလဲသွားလို့သာဘာမဖြစ်တာမဟုရင်မတွေးရဲစရာ.ပြီးတော့ပန်ကစိတ်လှုပ်ရှားပြီးစိုးရိမ်လွန်သွားလို့ဗိုက်နည်းနည်းအောင့်သွားတာပါ အခုတော့ဆေးချိတ်ပေးထားလို့အိပ်နေတယ်''

"အမလေး တော်ပါသေးရဲ့ကိုကြီးရယ် ပန်းနုဖြင့်လန့်သွားတာ ဖြစ်ဖြစ်ချင်းတုန်းကဆိူကြောင်တောင်သွားတာပန်ပန်  တခုခုဖြစ်မှာစိုးသလိုဗိုက်ထဲက ကျုပ်တူလေးတခုခုဖြစ်မှာလဲစိုးတယ်တော့်''

ပန်းနုက ပန်ပန်ကိုယ်ဝန်စရထဲက သူ့တူလေးဆိုတာပါးစပ်ဖျားက မချ။ သူ့အိမ်မှာဘာချက်ချက် ပန်ပန့်အတွက်ယူလာပြီးပို့ပေးသည်။ ပန်ပန့်ဆိုလဲသည်းသည်းလှုပ်တခါတလေ သူက ကို့ထက်တောင်ပိုဆိုးသေး။

"ဒါနဲ့နေပါဦး ပန်ပန်က ခုနက အာ့နေရာမှာမဟုပါဘူး ဘယ်လိုဖြစ်ပြီး အာ့နေရာရောက်နေတာလဲ''

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now