အပိုင်း(12)

4.4K 195 1
                                    

ခန့််အိမ်ပြန်ရောက်တဲ့အထိဒေါသထွက်နေရသည်။တွေးလေဒေါသထွက်လေဖြစ်နေရသည် ။ သန့်စင် နဲ့ရွာထဲသွားတုန်းက အာ့ကောင်မလေးနဲ့တခါဆုံဖူးသည်။အာ့ထဲက သန့်စင် ကသတိပေးခဲ့တာဖြစ်သည်။ 'အာ့​ကောင်မလေး ကြည့်ရတာမရိုးသားဘူးတဲ့ မင်းသတိထားပါတဲ့'လေ ကိုယ်လဲနည်းနည်းတော့သတိထားမိပေမဲ့အာ့လောက်ထိရဲတင်းလိမ့်မယ်လို့ထင်မထား ။ ဒီကိစ္စကို ပန့်ကို မသိစေချင်ပေ။ပန်က နဂိုထဲက မှ အားငယ်တတ်သည် အခုလိုကိစ္စကိုသိရင်ပိုဆိုးလိမ့်မည်။ အိမ်ပြန်ရောက်တော့ အခန်းထဲသာအရင်ဝင်ကြည့်ဖြစ်သည်။ပန်များ ရှိမလားလို့ဒါပေမဲ့မတွေ့ မီးဖိုချောင်ထဲလဲမတွေ့တဲ့အတွက် ခန့် စိုးရိမ်သွားပြီး တစ်အိမ်လုံးကိုပတ်ရှာကြည့်တော့မှနောက်ဆုံး နောက်ဖေးက ခြံထဲမှာသွားရှာမှတွေ့ တော့သည်။

"ပန် ခေါင်းမူးတယ် လဲပြောသေးတယ် ဘာလို့ခြံထဲဆင်းနေတာလဲကွာ''ကျွန်တော် ကပြောရင်းပန့်လက်ထဲကဟင်းရွက်ခြင်းကိုဆွဲယူလိုက်သည်။ကိုကတော့သူ့ကိုစိုးရိမ်နေရတာသူကတော့ အေးအေးဆေးဆေး ဟင်းရွက်တောင်ဆင်းခူးနေသေးတယ်။ပြောလိုက်ရင်လဲ မျက်နှာငယ်လေးလုပ်ပြပြီးဒီကောင့်ကို ချွဲဦးမယ် ဟူးးး ခက်တယ် တကယ်ပဲ

"ဟီးးးး   ..မောင်ကလဲ ခေါင်းကမမူးတော့ပါဘူး ခြံထဲမဆင်းတာကြာလို့လေ အာ့တာအရွက်တွေ​ကိုခူးနေတာ အရီးလေးတို့အိမ်လဲ မရောက်တာကြာလို့ သွားရင်းနဲ့ပေးမလို့လေ ပြီးတော့ ကလေးတွေကိုလဲနက်ဖန်ပေးမလို့လေ''  ပြောလိုက်ရင်အာ့လိူကြီးပဲ လူကိူမျက်နှာချိုသွေးမယ်ပြီးရင် သူ့အကျင့်အတိုင်းလေပြေအေးနဲ့ပြောမယ် မရရင်စိတ်ကောက်မယ် အာ့ဒါပဲ ကိုကလဲ အာ့တာတွေကိုပဲချစ်နေရတော့လဲ အပြစ်မပြောရဲ

"ကဲပါ ဟုပါပြီအခုရောခူးပြီးပြီလား မပြီးသေးရင် မောင်ပဲဆက်ခူးလိုက်မယ် ပန်ကအရိပ်ထဲဝင်နေ''

" ရုံပတီသီးပဲ ကျန်တော့တယ် ကျန်တာအကုန်ခူးပြီးပြီ ''

"အင်း.... အင်း အာ့တာဆို မောင်ပဲဆက်ခူးလိုက်မယ်''  ကျွန်တော် လဲပြောပြီး ဆက်ခူးလိုက်သည် မဟုရင် နေပူရတဲ့အထဲ သူက ဝင်ခူးဦးမယ်လေ စိတ်က လဲ မြန်ပါ့ခုနောက်ပိုင်းတွေ ဒါလုပ်မယ်ဆို ခုလုပ်ရမှ မဟုရင် စိတ်ဆိုးပြန်ရော မလွယ်ဘူး ခန့် ရေ မင်းကတော့ ချစ်ရတဲ့သူဆိုတော့လဲ လုပ်ပေဦးတော့ပဲ
အကုန်ခူးပြီးတော့အစီးလေးတွေစီးမယ်ဆိုလို့ကူပြီးစီးပေးရပြန်သည်။.ကလေးတွေက အယောက်၂၀ဆိုတော့အစီး၂၀ ကန်စွန်းနဲ့ချည်ပေါင်ပဲ စီးရတာဖြစ်သည်။တခြား ရုံးပတီ ခရမ်းသီးနဲ့ကာလီသီးကတော့ အိတ်လေးတွေနဲ့ ခွဲထည့်ထားလိုက်သည်။ အရီးလေးတို့အတွက်ကသက်သက် ဖယ်ထားပြီးကျန်တာအကုန်စီးလိုက်သည်။ ပြီးလဲ ပြီးရောအရီးလေးတို့အိမ်ကိုသွားမယ်ဆိုလို့ လိုက်ပို့ရသေးသည်။ နေတွေပူတယ်လေ တစ်ယောက်ထဲသာလွှတ်လိုက်ရင် အဆောင်း ပါမည်မဟုတ် ကိုယ်ပါလိုက်မှ ထီးတွေဘာတွေယူတာ မဟုရင် ခေါင်းပြောင်နဲ့ သွားပြပါလိမ့်မယ်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now