Thingyan...Present!!!

1.4K 71 15
                                    

''သကြ်န်ရေ...လောကကြီးအေးချမ်းကြပါစေ..

ပန်းများလဲလန်းဆန်းကြပါစေ...

အားလုံးအတွက်နှစ်သစ်ဆုမွန်ကောင်းတောင်းမယ်''

နေရာတိုင်းမှာသကြ်န်နဲ့ပက်သက်တဲ့သီချင်းသံတွေကိုကြားနေသောကြောင့် သကြ်န်ရဲ့အငွေ့အသက်ကိုစတင်ခံစားလာရသည်။မောင်နဲ့အိမ်ထောင်ကျပြီး ထဲက သကြ်န်ပွဲရောက်ရင်နှစ်တိုင်းစတုဒိသာကျွေးမွေးခဲ့တာအမြဲမပြတ်ဖြစ်သည်။အခုဆိုသားသား က. ၁၁နှစ် ပြည့်ပြီဖြစ်သလို သမီးငယ်က ၆နှစ်ပြည့်ပြီဖြစ်သည်။ပန်တို့အိမ်ထောင်သက်တောင် ဆယ်နှစ်ကျော် ဆိုတဲ့အချိန်ကာလတစ်ခုကိုရောက်လာခဲ့ပြီဖြစ်သည်။ ဒီနှစ်သကြ်န်မှာတော့ အရင်တစ်ခေါက်တုန်းကလိူမျိုး ရဟန်းခံ ရှင်ပြုပွဲ ပြုလုပ်မှာဖြစ်ပြီး ဒီတစ်ခါတော့သားကကိုရင်ဝတ်ပြီး သမီးကိုတော့ နားသပြီး သီလရှင်ဝတ်ခိုင်းမယ် လို့စိတ်ကူးထားသည်။သားနဲ့သမီးကလဲသဘောတူတယ်ဆိုတော့ ဘာမှ စိုးရိမ်စရာမရှိပေ။ ခက်တာကမောင်  ဖြစ်နေတာပင်...ပန်က သားနဲ့အတူတူမောင်ပါပဥ္ဇင်းခံပါဆိူတာကိုပြောမရဆိူမရနဲ့သားထက်တောင်ပြောရခက်နေသည်။

''ပန်... ဘာတွေထိုင်တွေးနေတာလဲ''

တွေးနေရင်းမောင်ကအနားကိုရောက်လာသည်။သကြ်န်နားနီးလို့ အလုပ်တွေရှုပ်နေတာတောင်မှ ပန့်ဆီကိုမရောက်ရောက်အောင်ကိုလာသည်။မောင်က အိမ်ထောင်သက်တမ်းကြာလေပိုပြီးတော့ ပန့်အနားကပ်လေဖြစ်သည်။မောင်...အခုလိုပန့်အနားကပ်နေတာကိုသဘောကျပေမဲ့လဲ မောင်ကလူရှေ့လဲမရှောင် ဆိုင်ကကလေးတွေရှေ့လဲမရှောင် ပန့်အနားအမြဲကပ်နေတော့လူပြောစရာဖြစ်မှာဆိုးလို့ အမြဲပြောနေရသည်။ပြောလဲ ခနသာပြီးရင်လဲ အရင်တိူင်းပြန်ကပ်တာဖြစ်သည်။

''ဘာတွေးရမလဲအလှူအတွက်တွေးနေတာပေါ့...''

''အလှူအတွက်ကဘာတွေးစရာလိုလဲပန်ရယ်..လိုအပ်တဲ့ပစ္စည်းတွေက အရင်ထဲကဝယ်ထားတာဆိူတော့ သိပ်ဝယ်စရာမရှိပါဘူး''

''အာ့တာအတွက်မဟုပါဘူး..''

''ကဲဒါဖြင့်..ဘာအတွက်ကိုတွေးနေတာလဲ''

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now