အပိုင်း(15)

4.3K 187 1
                                    

ဆောင်းကုန်လို့ ​ေနွရာသီ ကို ရောက်လာခဲ့သလို ပန်ရဲ့ဗိုက်ကလေးက ၅လပြည့်ခဲ့ပြီ။မောင်ဝယ်ပေးတဲ့ ဗိုက်ဖုံးအကျီအဝါဖျော့ရောင်လေးကို ထမိန်လေးကလဲ အဝါဖျော့လေးနဲ့တွဲဝတ်ထားတော့ ဗိုက်လုံးလုံးလေးက ဆူထွက်နေသည်။ ကိုယ်ဝန်ရှိစဉ်တစ်လျှောက် ပန်မှာအမြဲစိတ်ချမ်းသာနေရသည်။ မောင်ကလဲ အပြောနဲ့အညီအရင်ကထက်ပိုဂရုစိုက်ပေးသည်။ အခုဆို ကိုယ်ဝန်ကတဖြည်းဖြည်းလရင့်လာတော့မီးဖိုချောင်လုံးဝ မဝင်ရတော့ပေ။ အဝတ်ဆိုလဲ မောင်ကကိုယ်တိုင်လျှော်သည်။.ပန်က အဝတ်လျှော် စက်နဲ့လျှော်တာမကြိုက်လို့ မောင် ကအမြဲ လက်နဲ့လျှော်ပေးသည်။ ထမိန်တွေပါလျှော်​ပေးလို့ အမြဲတားရသည် မလုပ်ပါနဲ့ လို့ပြောရင်လဲ ကို့မိန်းမဟာ.ကို မလျှော်လို့ဘယ်သူလျှော်မှာလဲ ငရဲ လဲမကြီးဘူး မောင်ကအမြဲခွင့်လွှတ်တယ်ဆိုပြီပြောနေကြ။အခုလဲ ပန်စားဖို့ဆိုပြီချက်ပြုတ်နေလေရဲ့

"မောင် ဘာတွေချက်နေတာလဲ မောင်ရယ်''

"ဟာ...ပန် ဘာလို့ မီးဖိုချောင်ထဲ ဝင်လာတာလဲ ချော်ချက်လဲ့မှ ကိုရင်ကျိုးရချည်ရဲ့ '' မောင်ကပန့်ကို မြင်တော့ လာတွဲရင်းပြောပြီး ပန့် ကိုခုံမှာထိုင်ခိုင်းသည်။

"ဘာမဖြစ်ပါဘူး မောင်ရယ် ပန်ဂရုစိုက်ပါတယ် ''

"နောက်တခါ ဝင်မလာပါနဲ့ ပန်ရယ် နော် တခုခုဖြစ်မှာစိူးလို့ပါ''

"အင်း ပါ မောင်ရယ်ဝင်မလာတောပါဘူး အခု ဘာချက်နေတာလဲ''

"ပန် ပဲ ရှောက်သီးသုပ်လေး စားချင်တယ်ဆိုလို့လေ ရှောက်သီးသုပ်မလို့ ပြီးတော့ ပိန်းရိုးဟင်းခါးလေးလဲ ချက်ထားတယ်''

"ဟုပါပြီ ပြီးပြီ လား ပန် ဘာလုပ်ပေးဦးမလဲ''

"ပြီးပါပြီ ပန်ရယ် ဘာမှ လုပ်ပေးစရာမလိုပါဘူး ''

"ပန်က ပျင်းလို့ ကို ခုနကလဲ အခန်းထဲမှာ တစ်ယောက်ထဲ အခုကျမောင်ကလဲ မအားဘူး ဒီနေ့ ကလဲဆိုင်ပိတ်ရက်ဆိူတော့ ပန်းနုက သူ့ဦးလေးက ခေါ်လို့တဲ့ ဟိုဖက်ရွာ ခနသွားတယ် ပန် တစ်ယောက်ထဲ ရယ်''

" မောင် အကုန် ချက်ပြီးပြီ နော် ပန်နဲ့စကားလာပြောမယ် အခုတော့ ဟင်းနံ့တွေစွဲနေလို့ ရေအရင်ချိူးလိုက်ဦးမယ် ပန်က ဒ​ီမှာခနစောင့်နေဦးနော်''

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now