Present II

1.2K 102 8
                                    

''ပန်..မောင်ပြောနေတယ်လေကွာမသွားရဘူးဆိုမသွားရဘူးပဲ''

''ဟွန့်...ပန်ကလဲရအောင်ကိုသွားမှာ''

''ပန်ကလဲကွာ... အရင်လိုဆိုနှစ်တိုင်းမောင်လိုက်ပို့ပေးနေကျပဲလေကွာ ဒီနှစ်တော့အောင့်အည်းသည်းခံလိုက်ပါကွာ''

''မရဘူး...ပန်ကသွားမယ်လို့ပြောပြီးပြီသားနဲ့သမီးကို... မောင်လိုက်မပို့ဘူးမလားရတယ် ပန်တို့သားအမိတွေကိုယ့်ဘာသာကိုယ်သွားမယ်''

ပန်နဲ့ကျွန်တော်နဲ့စကားများနေရသည်။စကားများတယ်ဆိူတာထက်ပန်က တမင်ဂျီကျနေတာဖြစ်သည်။ဂျီကျရတဲ့ကိစ္စကလဲ ဒီနေ့က ကဆုန်လပြည့်နေ့လေ ဗုဒ္ဓဘာသာတွေရဲ့အယူအဆအရ ညောင်ရေသွန်းပွဲတော်ကိုကျင်းပကြတဲ့နေ့လဲ ဖြစ်သည်။အခုလဲ ပန်ကရွာထိပ်က ညောင်ပင်ကိုသွားပြီးညောင်ရေသွန်းချင်နေတာဖြစ်သည်။တည်ကြည်ကလဲခါတိူင်းလိုသာဆိုချက်ချင်းကိုလိုက်ပို့မိမှာသေချာသည်။ဒါပေမဲ့အခုက..လေးလကျော်ငါးလနီးပါးရှိနေပြီဖြစ်တဲ့ပန်ရဲ့ကိုယ်ဝန်ကြောင့်တားနေရတာဖြစ်သည်။

''ပန်ကလဲကွာ...မောင့်စကားကိုနားထောင်ပါကွာနော်''

''မရဘူးလို့..ပန်သွားချင်နေတာပါဆို''

''ဟိုမှာကလူလဲများမှာလေပန်ရယ်ပြီးတော့ရေသွန်းတဲ့ပွဲဆိုတော့ရေတွေနဲ့စိုရွှဲနေမှာပန်ချော်လဲမှာမောင်ကစိုးရိမ်လို့ပါကွာ''

''မောင်ရှိနေတာပဲ...မောင်ကပန့်ကိုဒီတိုင်းလွှတ်မထားဘူးမလား လုပ်ပါ မောင်ရယ် ကလေးလေးကသွားချင်နေတာမောင်ရဲ့''

ကြည့်တွေ့လား...ပန်ကသိပ်ကိုချွဲတတ်နေတာ ဒီကိုယ်ဝန်ကျမှ ပညာပေါင်းစုံကိုတတ်နေရောပဲ ချွဲရမလား... ရစ်ရမလား...ကောက်ရမလား..သူလိုချင်တာလေးများရှိရင်ခန့်ရဲ့ပျော့ကွက်ကိုသိနေတော့ဘယ်လိုလေးများပြောရမလဲအကုန်သိနေရော..အခုလဲကြည့်မရရအောင်ကိုပြောပြီးကိုချွဲနေတာ

''နော်..မောင်နော်...နော်လို့''

''မေမေ့'' ''မေ့''

ဟောလာပါပြီသူ့အမေရဲ့ဘက်တော်သားလေးတွေ။သူ့အမေမျက်နှာတစ်ချက်အညိုးမခံဘူးအခု ကလေးလေးကိုကိုယ်ဝန်လွယ်ထားရတော့ပိုတောင်ဆိုးသေး။ဟိူတစ်ယောက်ကလဲသားနဲ့သမီးနဲ့ရောပြီးကလေးပြန်လုပ်နေတာ။အရင်ကတည်ငြိမ်ပြီးအိန္ဒြေရှိလှချည့်ရဲ့ဆိုတဲ့ကျွန်တော်ရဲ့ပန်တော်မူလေးကိုပြန်ယူပေးကြပါလား

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now