Dream of love

432 35 0
                                    

[Dream of love]
အပိုင်း (၁)



နေထွက်စ,ပြုနေပြီဖြစ်တဲ့ ထိုမနက်ဟာ..ဟယ်ချန်း အတွက် ငြီးငွေ့စရာတွေ အပြည့်နှင့်...။ အိပ်ပုတ်ကြီးတယ်လို့ပြောလို့မရတဲ့ ဟယ်ချန်းအတွက် အရင်တိုင်းဘဲ မနက်၅နာရီထ,တာတောင် အပြောခံရသေး...။ သို့ပေမဲ့ ဟယ်ချန်း အများကြီး သီးခံထားရပါသည် သေချာပေါက် ကျောင်းပြီးရင်တော့ ထိုအိမ်ပေါ်က ဆင်းမှာဖြစ်သည်...။

မိဘမဲ့ဖြစ်တဲ့ ကျွန်တော့်ကို ဒီလို အိမ်ပေါ်ခေါ်တင်ပြီး ကျွေးမွေးထားပေးလို့ဘဲ ကျေးဇူးတင်ရမယ်...။ ဘယ်လိုဘဲဖြစ်ဖြစ် အိမ်စေလို အရမ်းခိုင်းပေမဲ့လည်း အပြောခံရမှာဘဲလေ...ကျွန်တော့်လို ကျောင်းမပြီးသေးတဲ့သူက ဘယ်လိုလုပ် အပြင်မှာ တစ်ယောက်ထဲ ရပ်တည်နိုင်အုန်းမှာလဲ? ဒီအိမ်ပေါ်က ဆင်းတော့ဆင်းမှာပါ ဒါပေမဲ့ အချိန်အတိုင်းတာ တစ်ခုတော့ စောင့်ရအုန်းမှာဘဲ...။

ယခုလောလောဆယ် ဟယ်ချန်းနေနေတဲ့အိမ်ဟာ ဟယ်ချန်း အမေရဲ့ အစ်မ နေတဲ့အိမ်ဖြစ်သည် တစ်နည်းပြောရရင် ဟယ်ချန်း အဒေါ်အရင်းနေတဲ့ အိမ်ပေါ့။ ဟယ်ချန်း ၅နှစ်သား အရွယ်ထဲက မိဘတွေဟာ accident ဖြစ်ကာ ဆုံးသွားခဲ့တာဖြစ်ပြီး ထိုအချိန်တုန်းက ဟယ်ချန်း အဒေါ်သည်ဟယ်ချန်းကို မိဘမဲ့ ဂေဟာကို ပို့ခဲ့တာဖြစ်သည်...။



ဟယ်ချန်း ၁၂နှစ်သား အရွယ်မှာ ပြန်လာခေါ်ပြီး အခုလိုနေနေရခြင်းဖြစ်သည်...။ ဘာအကြောင်းကြောင့် ခုလိုအိမ်ပေါ်တင်ပြီး ကျွေးထားလည်း မသိပေမဲ့ ဟယ်ချန်းထိုဒေါ်လေးကိုဘဲ ကျေးဇူးတင်နေမည်။

စိတ်ပင်ပန်းလားဆို ဟယ်ချန်း စိတ်ရောလူရော သိပ်ပင်ပန်းသည်..သို့ပေမဲ့ အများကြီး မျိုသိပ်ပြီး နေနေရ၏...

"အီဟယ်ချန်!!မင်း မနက်စာ ပြင်လို့မပြီးသေးဘူးလား!!"

အပေါ်ကနေ အော်ပြောလာတဲ့ အဒေါ်ကြောင့် ဟယ်ချန်း ကြော်ပြီးပြီဖြစ်တဲ့ ကြက်ဥကြော်ကို အလျှင်အမြန် အိုးထဲက ထုတ်ကာ ပန်းကန်ထဲသေချာ ထည့်လိုက်သည်...။

"ဟုတ်..ပြီးပြီဗျ ပေါင်မုန့် ကြက်ဥကြော်ဘဲ ကြော်ရတော့မှာ"

"အေးအေး"

𝐃𝐫𝐞𝐚𝐦 𝐨𝐟 𝐥𝐨𝐯𝐞Where stories live. Discover now