Dream of love
အပိုင်း(၆)ခတင်းတင်းဖိပိတ်ထားသည့် နှုတ်ခမ်းဖူးဖူးလေးများကို လီမာ့ခ် စိုက်ကြည့်ကာ ခ,နဲ့သလို ရယ်လေသည်။ ထိုခလေး ဘယ်လောက်လန့်နေမလဲမသိသော်လည်း ယခုမူ နထင်ကပင်ချွေးစေးလေးများစီးကျလာသည်အထိ။ လီမာ့ခ် ဘာစကားမှ မဆိုလေဘဲ အပေါ်မှ အုပ်မိုး၍ စိုက်ကြည့်နေကာ ဟယ်ချန်း၏ မျက်လုံးရွေ့လျားပုံအပြုအမူကအစ, တရိပ်ရိပ်လိုက်ကြည့်နေလေသည်။
"မပြောတော့ဘူးလား??...ဟမ် စကားတွေမများတော့ဘူးလား? ငါအိပ်ချိန် စကားများရင်မကြိုက်ဘူး''
"အင်...အမ်းးမ..မသိလို့လေ အခုသိပြီမို့အိပ်တော့ပါ့မယ်''
"အနမ်းခံချင်လို့ စောန စကားထပ်များနေတာလား?''
"မ..မဟုတ်ပါဘူး....မသိလို့ လို့ပြောပြီးပြီလေ....ဝှားးးအိပ်ချင်လိုက်တာ''
လီမာ့ခ် ထပ်မေးမည့် စကားလုံးများကို မသိချင်ယောင်ဆောင်ကာ အရမ်းအိပ်ချင်နေသည့် ပုံလုပ်ပြလေသည်။ ထို့အပြင် လီမာ့ခ် ကိုယ်အား တွန်းထုတ်ပြန်လေ၏။
"ဖယ်လေ...''
"မဖယ်ဘူး''
"ဟာ...ကျွန်တော် အိပ်တော့မလို့ ဖယ်ပေး''
"ကိုင်ရဲတယ်နော်...အဲ့ဒီ့လောက်အတင့်ရဲလိမ့်မယ်လို့ မထင်ထားဘူး''
လီမာ့ခ် တစ်ယောက်သူ့၏ ရင်ဘတ်ကို လာတွန်းကန်လာသော လက်သေးသေးလေးများကို ငုံ့ကြည့်ကာ မဲ့ပြုံးများ ချိတ်တွယ်၍ စကားဆိုလေ၏။ ဟုတ်သည် သူဟာ အပေါ်ပိုင်း ဗလာကျင်းဖြင့်သာ အိပ်တတ်သူမို့ချွတ်လိုက်ခြင်းဖြစ်၏။ ထို့ထက် ဟယ်ချန်းလေး ရှက်သွားမည်ကို သူမြင်ချင်လာကာ စောစောစီးစီးဆွဲချွတ်ပစ်သည်ဆိုလည်းမမှားပေ။ သို့သော် သူ့ရင်ဘတ်အား ချယ်လှန်ကိုင်ကာတွန်းနေသည့် ထိုကောင်လေးဟာ ကိုယ့်ကိုယ်ကိုဘဲသတိမထားမိတာလား သို့မဟုတ် တမင်အသားယူနေသည်လား တွေးရခက်လာပြန်သည်။
"မ..မဟုတ်ပါဘူး''
ယခုမှ စိတ်နှင့်ကိုယ်နှင့်ပြန်ကပ်သွားသလို လုပ်၍ သူ့ရင်ဘတ်ပေါ်ရောက်နေသည့်လက်များကို အခုမှပြန်လည်ဖယ်ပေးလါသည်။ ထို့နောက် လီမာ့ခ်အား မျက်နှာမဆုံရဲလောက်အောင်ဖြစ်သွားကာ ခေါင်းလေးအား ခေါင်းအုံးအတွင်းသို့နစ်ဝင်သွားမတက် စိုက်ဝင်ကာ အရှက်သည်းနေလေသည်။ လီမာ့ခ် ဒီလောက်ဆို ကြေနပ်ပြီပင်။ ထို့ကြောင့် ထိုခလေးပေါ်မှ အုပ်မိုးထားခြင်းကိုရပ်၍ ဘေးသို့ပြန်လည်လှဲအိပ်လိုက်သည်။ သူဖယ်ပေးချင်းချင်းပင် ဟယ်ချန်းလေးဟာလည်း သူ့အား ကျောပေး၍ အနောက်သို့လှည့်သွားလျက်။