Dream of love

140 23 2
                                    

Dream of love
အပိုင်း (၁၆)






Mark "နှုတ်ခမ်းက error တက်နေတာလား..ထော်လန်နေတာဘဲရော...တော်ပြီကွာမငိုနဲ့တော့''

ရှိုက်သံလေးပါထွက်သည်ထိ ငိုနေလျက်ရှိတဲ့ ဟယ်ချန်းသည် သူ့အားအနားတောင်အကပ်မခံချင်သလို။
ဟယ်ချန်းတစ်ယောက် သူများအိမ်ပေါ်တွင် စိတ်ဆိုးနေခြင်းကိုမေ့နေသည်လားမပြောတတ်သော်လည်း လီမာ့ခ်ဟာလည်း လူတစ်ယောက်ကို ချော့တတ်ဖို့အတွက်မွေးရာပါ တတ်နေသူမဟုတ်ဘူးလေ။ ထို့ကြောင့် အငိုတိတ်မလားဆိုတဲ့စိတ်ဖြင့် ဟိုစ,ဒီစ, ပြောပေးနေပေမဲ့ ဟယ်ချန်းဟာတော့ အတည်သာပြောတယ်ထင်ပြီး ပိုလို့ပင်စိတ်ဆိုးဆိုးသွားပြန်သည်။

"စိတ်ဆိုးရင်ရုပ်ဆိုးတတ်တယ်တဲ့''


Haechan ''မသိဘူး...ဆိုးဆိုးမဆိုးဆိုးအဲ့တာ ကျွန်တော့်အပိုင်း''

ဟယ်ချန်းက အချော့ကြိုက်သည်။ ချော့လိုက်ရင်လည်း ငါးမိနစ်မနေ ပြန်စိတ်ဆိုးပြေတဲ့သူလေးဖြစ်တာကြောင့် စိတ်ပြောင်းလွယ်သူလေးဖြစ်၏။ အဓိက ကတော့ လီမာ့ခ်သာ သေချာလေးချော့လိုက်ရင်ချက်ချင်း စိတ်ဆိုးပြေမှာဖြစ်သည်။ သို့သော် လီမာ့ခ်တစ်ယောက်မချော့တတ်တာအခက်သားပင်။


"ငိုတာကြာရင် ခေါင်းကိုက်လိမ့်မယ်..တော်တော့''


Haechan "ငို(sob)ငိုအောင်ဘယ်သူလုပ်တာလဲ...''


"ဘယ်သိမလဲ...မလိမ်တမ်းပြောရရင် မင်းဘာကြောင့်ငိုနေမှန်းတောင်ငါသိမနေဘူး''


လီမာ့ခ်ပြောတာမှန်သည်။ ဟယ်ချန်း သူ့ကိုစိတ်ဆိုးနေတာကိုလည်း ကျောင်းဆင်းထဲက သိ၏။ သို့သော် ဘာအကြောင်းကြောင့်လဲဆိုတာလုံးဝသိမနေခဲ့ချေ။ ယခုက လီမာ့ခ်၏ အိပ်ခန်းထဲမှာဟယ်ချန်းဟာရှိနေလေပြီး အနီးရှိနရံကိုမှီ၍ ဒူးလေးနှစ်ဖက်ပိုက်ကာ ထိုင်ငိုနေတာပင်။ လီမာ့ခ်မှာမူ ဟယ်ချန်းရှေ့ ဒူးထောက်လျက်သားနေနေလေပြီး မချော့တတ်ချော့တတ်ဖြင့်ချော့နေသည်ပေါ့။



Haechan ''ကိုကိုလုပ်တာလေ...ကိုကိုလုပ်တာ!!ကျွန်တော့်ကိုငိုရအောင် ကိုကိုလုပ်တာဗျ''


𝐃𝐫𝐞𝐚𝐦 𝐨𝐟 𝐥𝐨𝐯𝐞Where stories live. Discover now