Dream of love

138 20 0
                                    

Dream of love
အပိုင်း (၁၉)

"မင်းကိုကိုယ် တစ်နေ့၃ခါလွမ်းမယ်..''

"ဟင်...၃ခါထဲလား''

"အွန်းဟုတ်တယ်...တစ်ခါလွမ်းရင်၈နာရီကြတာတယ်''

လီမာ့ခ်၏ အပြောကြောင့်ဟယ်ချန်းကဟက်ဟက်ပက်ပက်ကိုရယ်လေ၏။ သို့သော်သူ၏ပြုံးရယ်မှုတို့ဟာအနည်းငယ်ခြောက်ကပ်ကပ်နိုင်နေလေသည်။ ဒါဟာလည်း လီမာ့ခ်နှင့် ရှိနေချိန်တွေနည်းသွားတော့မည်ကိုတွေးမိခြင်းကြောင့်ဖြစ်သည်။
လီမာ့ခ်ဟာ သက်ပြင်းချလေ၏။ သူဖြည်းညင်စွာ ဆုတ်ကိုင်ထားသော လက်တစ်စုံကိုလည်းညင်သာစွာပွတ်သပ်ကာ ခေါင်းကိုငုံ့ထားလျက်ရှိနေသည်။ ရင်တွင်းခံစားချက်များကို ထုတ်ပြလိုက်ဖို့ရန် ဟယ်ချန်းမှာ သတ္တိလုံလုံလောက်လောက်မရှိလှ။ ထို့ထက် လီမာ့ခ်ကိုပြောရမှာတောင် အားနာသွားရလေပြီ။ မသွားပါနဲ့လား... ဟူသော စကားလုံးလေးဟာတိုတောင်းလှသည်။ သို့သော် သူ့၏ပါးစပ်ကထွက်ဖို့အတွက်က အလွန်ကိုမှခက်ခဲနေလွန်း၏။ လီမာ့ခ်ကလည်း သူ့၏စိတ်ဆန္ဒကိုဖြည့်စည်းပေးမှာမဟုတ်တာ ဟယ်ချန်းကြိုသိပါသည်။

ဟန်မြစ်၏ အရှေ့ဘက်ခြမ်းတွင်နှစ်ဦးလုံးရပ်နေကြခြင်းကြောင့် အနောက်ဘက်သို့ဝင်စ,ပြုနေပြီဖြစ်သည့် နေမင်းကြီးဟာ သူတို့နှစ်ယောက်ကိုရှိန်ထားလို့နေသည်။ မျက်နှာချင်းဆိုင်ရပ်နေကြတဲ့သူတို့နှစ်ဦးဟာလည်း ပတ်ဝန်းကျင်နှင့်အတူ တိတ်ဆိတ်လို့နေ၏။ သို့သော် ထိုတိတ်ဆိတ်နေသော လေဟာနယ်ကိုဟယ်ချန်းဘက်မှစတင် ဖြိုပျက်ပစ်လိုက်သည်။

Haechan ''ဘာမှပြောစရာမရှိတော့ဘူးလား''

"ကိုယ်တောင်းပန်ပါတယ်..ကိုယ်တစ်ကယ်ကိုမဖြစ်သာလို့...အဲ့တာကြောင့်''

"ဆက်မပြောပါနဲ့တော့လား...ဒီကိစ္စတွေချည်းပြောနေမယ်ဆိုဆက်မပြောပါနဲ့တော့''

".........................''

"အဆက်အသွယ်တော့လုပ်မယ်မဟုတ်လားဟင်''

"အွန်းကိုယ်အဆက်အသွယ်အမြဲလုပ်မှာပါ''

"အင်းပါ''

ပြန်၍တိတ်ဆိတ်သွားသူ ဟယ်ချန်းကအချိန်အနည်းငယ်ကြာသည်ထိ သူ့နည်းတူငြိမ်သက်လျက်ရှိနေသော လီမာ့ခ်အားတင်းကြပ်စွာ ဖက်ပစ်လိုက်သည်။ သူဘယ်လိုမှ မခွဲချင်သလို ဘာမှလည်းမတတ်နိုင်တာကြောင့်ပို၍ ခံပြင်းမိ၏။

𝐃𝐫𝐞𝐚𝐦 𝐨𝐟 𝐥𝐨𝐯𝐞Where stories live. Discover now