Dream of love

265 21 5
                                    

Dream of love
အပိုင်း (၂၁)

"ကိုယ်တို့...movie ကြည့်ကြရအောင်''

"ကိုကိုရယ်...ပျင်းနေလည်း ကိုယ့်ပါ့သာနေပါ...ကျွန်တော်မအားဘူးဗျ...သွားစရာရှိသေးတယ်...''

"ပြောတော့ ကိုယ်နဲ့ မနက်ဖြန် party အတွက်အပြင်သွားမယ်ဆို''

"ဟင်...အယ်...အဲ့တာက အဲ့တာကိုခဏထားပါ ကျွန်တော်အခု ဂေဟာသွားမလို့''

သူ့၏ စကားကြောင့် မျက်နှာဟာ ရှုံ့မဲ့နေကာ ကလေးတစ်ယောက်ကဲ့သို့ ခြေဆောင့်လက်ဆောင့်ဖြင့် ဘေးနားကနေထွက်သွား၏။ ထို့နောက် ဟယ်ချန်းနှင့် ၁၀ပေအကွာလောက်က နရံနားတွင် သွားထိုင်နေလေသည်။

"ကျစ်...ကိုကိုကလည်း''

"ဘာကိုကိုကလည်းလဲ...အမြဲတမ်းကတိမတည်ဘူး ကလေးက''

"ကတိမတည်တာမဟုတ်ပါဘူး ကျွန်တော်ဒီနေ့ အလုပ်သွားစရာမလိုတော့ ကလေးတွေဆီသွားချင်လို့ပါ''

"အဲ့ကလေးတွေဘဲတအားချစ်ပြနေတာ...ငါကျမချစ်ဘူး...ငါလည်းကလေးဘဲလေ အချစ်တော့ခံချင်တာပေါ့''

ထူးဆန်းတဲ့စကားတွေပြောနေသော သူ့၏ကိုကိုအား ဟယ်ချန်းပါးစပ်အဟောင်းသားလှမ်းကြည့်ကာ ဘာပြောလို့ပြောရမှန်းတောင်မသိတော့ချေ။ ယခုဟာက သူ့ကိုသိပ်ဂရုမစိုက်လို့ စိတ်ဆိုးနေသည်တဲ့လား။ လီမာ့ခ်အခုလို ဂျီကျနေခြင်းကိုတွေ့လိုက်ရလေတော့ သူကဘယ်အချိန်လီမာ့ခ်အပေါ်ဂျီကျရတော့မလဲ တွေးမိသားပင်။ သူကြည့်နေတာကို မကြိုက်သလို မျက်နှာလေးအခြားဘက်သို့မူသွားသေး၏။

ဟယ်ချန်း ကြည့်လက်စ laptopကို ပိတ်ကာ ကုတင်ပေါ်မှဆင်း၍လီမာ့ခ် ထိုင်နေသည့်ကြမ်းပြင်ပေါ်သို့သူပါ ထိုင်လိုက်လေသည်။

"ကိုကိုကလည်း...ကလေးလဲမဟုတ်ဘဲနဲ့စိတ်ဆိုးနေတယ်''

"ကလေးမဟုတ်လို့စိတ်ဆိုးနေတာပေါ့လို့....ငါ့ကိုအရင်လိုမချစ်တော့ဘူး''

"ဟာ..''

"မဟာနဲ့....သွားအဲ့ကလေးတွေဆီဘဲသွား....ဒီကလေးကြီးကို အိမ်မှာထားခဲ့... သွားသွားငါ့နားမလာနဲ့ ငါ့ကိုမချစ်တဲ့သူနဲ့ အသက်အတူတူမရှူနိုင်ဘူး''

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

𝐃𝐫𝐞𝐚𝐦 𝐨𝐟 𝐥𝐨𝐯𝐞Where stories live. Discover now