Dream of love
အပိုင်း (၂)"ဟယ်ချန်း....မင်းအဆင်ပြေလား ကျောင်းမှာနေရတာ''
"အင်းပြေပါတယ်..''
"ငါမင်းကို မနေ့ကထဲက လာတွေ့ဖို့ဘဲမအားလို့''
ဟယ်ချန်း၏ သိပ်ချစ်ရတဲ့ သူငယ်ချင်းဖြစ်သူ ဂျဲနိုသည် ဟယ်ချန်း ပုခုံးအားဖက်၍ ကန်တင်းသို့ ဦးတည်လာ၏။
ဟယ်ချန်းတစ်ယောက် အပြုံးနုနုလေးသာ ထင်ပေါ်နေပြီး သရုပ်ဆောင်ပြီးတောင် ပျော်ပျော်မနေချင်။ တက်ကြွနေသည့် ဂျဲနိုကတော့အရင်လိုဘဲ ကြည့်ကောင်းလွန်းနေဆဲ..."မင်းအရမ်းချောတော့ မင်းကိုကောင်မလေးတွေလိုက်နေမှာပေါ့...''
ဂျဲနို ဟယ်ချန်းလက်ထဲက အိတ်အမဲလေးကိုဆွဲယူကာ ကူကိုင်ပေးသည်။ ဟယ်ချန်းအပြောကြောင့် ရုပ်ကလည်း ခပ်ပြုံးပြုံးရှိနေလျက်...နက်မှောင်လွန်းသည့် ဆံသကို အပေါ်သို့လှန်တင်ထားရုံမက မျက်နှာအသွင်အပြင်ကြည့်ကောင်းလွန်းသည့် သူ့သူငယ်ချင်းကို လိုက်လန်ကြည့်နေလေသည်။ ကန်တင်းရောက်ရောက်ချင်း ခုံသာ အရင်ဦးအောင် ယူပြီး ဟယ်ချန်း ထိုင်ဖို့ရန် စားပွဲအောက် ရောက်နေလုနီးနီးဖြစ်နေတဲ့ ထိုင်ခုံကို အသာအယာဆွဲယူထုတ်ပေးပြီး ထိုင်ခိုင်းလေ၏။
"ခဏစောင့် ငါ မင်းစားဖို့ယူခဲ့မယ်''
"အင်းကျေးဇူး!''
ထိုသို့ပြောကာ သွက်လတ်စွာပြေးသွားတဲ့ဂျဲနို ၏ကျောပြင်လေးပျောက်သွားတော့မှ ဟယ်ချန်း ပြုံးမိသည်။ ဒီအပြုံးလေးဟာတော့ ဟန်ဆောင်ခြင်းအလျင်းမရှိသည့် ရင်ထဲကလာသည့်အပြုံးလေးမျိုး။ ဂျဲနိုနဲ့ဆို အမြဲ ဂရုစိုက်ခံရပြီး နွေးထွေးမူ မေတ္တာများ ရရှိရသည်ဟု ခံစားရသည်။
ခံစားရတာမဟုတ်တကယ်ကို ခံယူနေရတာပင်။....
"များများစား...ပြီးရင်..အတန်းလစ်ကြမယ်''
"ဟင်...မဖြစ်ဘူးနော်စာမလိုက်နိုင်ဘဲနေမယ်''
ဟယ်ချန်း စားနေသည်ကို ဖုန်းပွတ်ပြီးထိုင်စောင့်ပေးနေသည့် ဂျဲနိုပြောလာခြင်းပင်။ မနက်ကတင် စာသေချာလုပ်ဖို့ရန်ဖိအားပေးနေသည့် ဒေါ်လေးစကားများကို ပြန်ကြားယောင်လာပြီး ငြင်းပယ်လေသည်။ ဂျဲနိုက ရုပ်သာချောတာ စာတော်ပေမဲ့ အတန်းအရမ်းလစ်လွန်း၏။ အခုလည်း သူ့ကိုပါဆွဲထည့်နေမူကြောင့် စိတ်မယိုင်သွားအောင်ထိန်းရလေပြီ။