Dream of love

166 28 0
                                    

Dream of love
အပိုင်း(၈)


Jeno"အရမ်းချစ်တာဘဲ''

"အွန်း ငါလည်း jen ကိုချစ်တယ်လေနော်''

"အဟွတ်...အဟွတ်!!ငါ.. အိပ်လို့မပျော်သေးဘူးနော်...ငါ့ရှေ့လာမနမ်းကြနဲ့အုန်း''

ယခုလို အသံပေးလိုက်ကာမှ ဂျဲနိုဟာ သည်းကဲပြ၍ ဂျယ်မင်းပါးပြင်နုနုအား နမ်းဖို့ရှိန်ရွယ်လေသည်။ သို့သော် ရှက်သွားသည့် ဂျယ်မင်းဟာတော့ ဟယ်ချန်းအကြိုက် ဂျဲနိုနှင့် ခဝေးဝေးသို့ပြောင်းရွှေ့နေလိုက်ပြီး အနီးရှိခုံတွင် ရှက်ရမ်းရမ်းကာ ထိုင်နေလေပြီ။

"ကျစ်...ကိုယ့်ပါ့သာ အိပ်မနေဘူး လျှာကိုရှည်တယ်''

"လျှာရှည်တော့ဘာဖြစ်လဲ..။ မင်းက ဂျယ်မင်းကို မဖွယ်မရာတွေလုပ်မယ်ဆိုတာ ငါကြိုသိလို့ အသံပေးတာ''

"ဟာ...ငါ့ရည်းစားလေးကိုဘာမှမလုပ်ရသေးဘူးလေ''

"ဪ...လုပ်မလို့ပေါ့''

Jaemin "ဟာ...နှစ်ယောက်လုံး ဘယ်လိုစကားတွေပြော​ေနကြတာလဲ...ရှက်ကြပါအုန်း အခုဆေးရုံမှာနော်''

အလွန်ရှက်နေပုံရသည့် ဂျယ်မင်းမှာမူ ဂျဲနိုကိုတောင်မကြည့် ဟယ်ချန်းအား ဆက်မပြောဖို့ရန် ရပ်ခိုင်းနေလေသည်။ ဟုတ်ပါရဲ့ အပြင်မှာလည်း တစ်ခါမှ မDateဖူးကြသလို အခုမှ တစ်ယောက်ကိုတစ်ယောက် အပြင်မှာမြင်ဖူးကြတာမို့ ဂျယ်မင်းရှက်နေတာလည်းအဆန်းမဟုတ်ချေ။ ဂျဲနိုမေ့သွား၏ မျက်မှန်ကြီးတွယ်၍ မှေးနေသူကို အမှန်တကယ်အိပ်နေပြီဟု မှတ်ယူမိသွားသည်။ သို့ပေမဲ့ သက်သာသလောက် ရှိနေပြီဖြစ်တဲ့ ဟယ်ချန်းကို ဗိုက်ခေါက်သွားဆွဲချင်ဆိတ်က တစ်ဖွားဖွား။ ဘေးတွင် ဂျယ်မင်းရှိနေသေးလို့သာ ငြိမ်နေမိတာဖြစ်သည်။


Haechan "ငါ သက်သာနေပြီ....ဆေးရုံဆင်းချင်တယ်....''

Jaemin "အွန်းဆင်းရမှာပေါ့။ ဒါမဲ့ ဆေးသွင်းလို့မပြီးသေးဘူးလေ အင်းးငါမှန်းသလောက် မင်းည ၈နာရီလောက်ဆိုရင်တော့ ဆင်းလို့ရပြီထင်တယ်''

"အင်းပါ။ ဒါနဲ့လေ...မင်း ဂျဲနိုနဲ့အရမ်းမပေါင်းနဲ့ သူက မင်းကို မဖွယ်မရာလုပ်ချင်နေတာ...ပြီးတော့ ရည်းစားကရည်းစားပေမဲ့ မင်း အသားမပေးနဲ့နော်...ဂျဲနိုက ပွေတဲ့သူမဟုတ်ပေမဲ့ မင်းကိုကြည့်တဲ့အကြည့်က နှာဗူးရုပ်ကြီး''

𝐃𝐫𝐞𝐚𝐦 𝐨𝐟 𝐥𝐨𝐯𝐞Where stories live. Discover now