Dream of love

157 29 0
                                    

Dream of love
အပိုင်း(၇)

တစ်ပတ်....
တစ်ပတ်ဆိုသည့် အချိိန်တွေကြာသွားသည်အထိ တစ်ခဏလေးလိုမြန်လှသည်။ ထို့အတူ ဟယ်ချန်းနှင့်ဂျယ်မင်းသည်လည်းဘဲ ထိုတစ်ပတ်အတွင်းပို၍ တပူးပူးတတွဲတွဲနှင့်ဖြစ်သွားကြလေပြီ။ တစ်ယောက်အကြောင်းတစ်ယောက်  ရင်ဖွင့်ကာ ပြောခဲ့ပြီးကြပြီမို့ ယခုဆို ဘယ်သူက ဘာမကြိုက်တာလဲကအစ,သိသွားကြသည်အထိ ရင်းနှီးလာကြ၏။ ဂျဲနိုမရှိသည့်အတွက် အနည်းငယ် လွမ်းမိသော်လည်း ဂျယ်မင်းဟာ ပို၍ပင် သည်းကဲကာ လွမ်းနေပြန်တာကြောင့် ဟယ်ချန်း အားပေးစကား​ပြောပေးရတဲ့အထိ ဖြစ်ရလေပြီ။

တစ်ပတ်ဆိုသည့် ထိုရပ်ဝန်းအတွင်းမှာ လီမာ့ခ်နှင့်မတွေ့ဖြစ်တော့ပေ။ ဂျယ်မင်းကျောင်းစ,ရောက်လာသည့်နေ့ ၊ လီမာ့ခ် အခန်းပြောင်းသွားသည့်နေ့ ၊ ထိုနေ့ကျောင်းဆင်းသည့် ညနေတွင် အိမ်အပြန်ချိန် တစ်ယောက်ထဲ ဖြစ်သလို အိမ်ကိုရောက်ရှိလာပြန်တော့လည်း လီမာ့ခ်နှင့်ပက်သက်တာ တစ်ခုတစ်လေလေးတောင်မရှိတော့သည့်နေ့လေး။ အိမ်မှာတစ်ရက်ထဲနေသွား၍ မပြောမဆို ပြန်သွားသည်ဟု ဆိုရပေမည်။ သို့သော် သူကိုယ်တိုင်ကလည်း စိတ်ဆိုးအမြင်ကပ်ထားသူမို့ ဘာအကြောင်းကြောင့်လဲ ဆိုတာမမေးမိဖြစ်တော့။


သိပ္ပံလေ့လာချက်များ သင်ကြားထားတာကြောင့် ယခုမူ ဆန်းသပ်ခန်းထဲတွင် ဟယ်ချန်း နှင့် အခြား ကျောင်းသား ၃ ၊ ၄ယောက်သာ ရှိနေကြ၍ ဆန်းသပ်ထားသည့် ပစ္စည်းကိရိယာများကို ပြန်လည်သိမ်းစည်းကာ သန့်ရှင်းရေး ပြုလုပ်နေကြသည်။ အခြားအခန်းထဲမှ အတန်းတူ ကျောင်းသားတို့ဟာလည်း လာရောက်သွားကြသေးသည်မို့ ဟယ်ချန်း လီမာ့ခ်အားရှာမိသားပင်။ သို့သော် မတွေ့မိသေး။

အတွေးလေးတောင်မဆုံးသေး ထိုလူဟာ စက္ကူပုံးနှစ်ပုံးကို မ,လာ၍ ဝင်လာပြန်သည်။ တိုက်ဆိုင်သည်ဟုဘဲ ဆိုရမည်လားမပြောတတ်သော်လည်း လီမာ့ခ်ဆိုသူ လာမှ အခန်းထဲတွင်ရှိနေကြသော လူအစုဟာလည်း အသီးသီး ထွက်သွားကြလေပြီ။ ဟယ်ချန်း ဂရုစိုက်မနေဘဲ ပစ္စည်းများကိုသိမ်းကာ အလုပ်ရှုပ်နေလိုက်သည်။

Mark ''မနေ့ညက မင်းကိုငါ ဆိုင်တစ်ဆိုင်မှာ တွေ့လိုက်တယ်...ဘေးက ဟိုကောင်လည်း ပါတယ်...အဲ့တာ ဘာလုပ်နေကြတာလဲ?''

𝐃𝐫𝐞𝐚𝐦 𝐨𝐟 𝐥𝐨𝐯𝐞Where stories live. Discover now