Dream of love
အပိုင်း(၉)Haechan - ''လေ့လာရေး ခရီး...ဟင်?..စောလွန်တယ်မထင်ဘူးလား စာမေးပွဲတွေဖြေပြီးမှ လေ့လာရေးခရီးစဥ်က စ,ရမှာလေ...အခုက ပြောင်းပြန်ကြီး''
Jaemin "အင်းဟုတ်တယ်...ဒါမဲ့ ကောင်းပါတယ်...။ teacher ကပြောတယ် ပုံမှန်တိုင်း ကျောင်းကိုလာခဲ့တဲ့ ဒါမဲ့လိုအပ်တဲ့ ပစ္စည်းတွေအဝတ်အစားတွေယူခဲ့ရမယ်လေ..ခရီးက ၃ရက်ဆိုတော့...အဝတ် ၄ ၊ ၅ထည်လောက်ယူခဲ့တဲ့ လိုရမည်ရပေါ့''
စာမေးပွဲများမဖြေခင်လေ့လာရေး ခရီးသွားရုံမက မနက်ဖြန်စ,သွားမည်ဆိုတော့ ဟယ်ချန်းတစ်ယောက်အခြားကျောင်းသားတွေလိုမပျော်နိုင်ချေ။ သူသာ ထိုခရီးအား လိုက်သွားမည်ဆိုလျှင် အိမ်မှာက ဒေါ်လေး တစ်ယောက်ထဲ ကျန်ခဲ့ရမည်ကို တွေး၍ပူပန်မိလေသည်။ ဂျယ်မင်း ကျပြန်တော့လည်း Busan မှဆိုးလ်ကို တစ်ယောက်ထဲလာနေတာကြောင့် အေးဆေးဖြစ်နေချာ၏။
Haechan ''ငါ...ငါမလိုက်တော့ဘူးအိမ်မှာက ဒေါ်လေးတစ်ယောက်ထဲ ကျန်ခဲ့ရမှာ..ပြီးတော့ငါလည်းမလိုက်ချင်ဘူး''
အမှန်တိုင်းပြောပါဆိုလျှင် သူသွားချင်ပါသည်။ သို့ပေမဲ့ ကိုယ်ပျော်ဖို့အတွက်နှင့် အဒေါ်ဖြစ်သူကို တစ်ယောက်ထဲထားခဲ့ရဖို့ထိ ဟယ်ချန်း စိတ်မဖြောင့်လှ။
"ဟယ်ချန်းကလည်း...ဟင်းးးအင်းပါမင်းသဘောဘဲ အခုတော့ ကန်တင်းသွားရအောင် ငါဗိုက်ဆာလာပြီ''
"အင်...အင်းသွားကြမယ်လေ''
…
စာမေးပွဲများဖြေပြီးလျှင်ကျောင်းပျော်ပွဲရွှင်ပွဲ ၊ ဆရာ / ဆရာမတို့၏ အလုပ်များထပ်သွားခြင်းကြောင့် ယခုလို ခရီးစဥ်ကိုအစောလုပ်လိုက်တာဘဲ ဖြစ်သည်။ ကျောင်းသူ / ကျောင်းသားများအတွက်လည်းအဆင်ပြေကြသလို လီမာ့ခ်သည်လည်း အဆင်ပြေပါသည်။ သို့သော်..
Mark ''ဟယ်ချန်းက မလိုက်ဘူး!!...ဟာကွာ..ဘာဖြစ်လို့လဲ? ငါ့ plan တွေအကုန်ပျက်ကုန်မှာပေါ့''
- '' ငါလည်းသေချာမသိဘူး စောန အဲ့ပေါက်စ အခန်းရှေ့က ဖြတ်လာတော့ အခန်းထဲကဟာတွေ လိုက်ခဲ့ဖို့ပြောနေကြလို့ ငါလည်းသိတာ..''