Dream of love
အပိုင်း(၄)"ဘာဖြစ်လို့ *မင်းဟျောင်း*ဆိုပြီးခေါ်ခိုင်းတာလဲ??''
"အင်းးးမင်းသိထားသလို..လီမာ့ခ်ကလည်းငါဘဲ မင်ဟျောင်းကလည်း ငါဘဲပေမဲ့...နာမည်နဲ့အလိုက် စိတ်ကပြောင်းလဲနေတယ်...ဥပမာ-မင်းဟျောင်းကအရမ်းလိမ်ပါတယ်''
Haechan ''လီမာ့ခ် ကအရမ်းဆိုးတယ် အဲ့လိုလား?''
ဟယ်ချန်း အမေးကို ခေါင်းငြိမ့်ပြတာလေးတောင်မပြုမူတော့ဘဲ ငြိမ်သက်စွာ သက်ပြင်းချသည်။ ထို့နောက် လက်ထဲက သော့အား ဆော့ကစား၍ သူပြန်ဖြေမည့်အဖြေကို ထိုင်စောင့်နေသော ဟယ်ချန်းအား ငဲ့ကြည့်လေသည်။
"မင်း တွေးတတ်သလိုတွေးလို့ရပါတယ်...။ ရှေ့လျှောက် ငါ့ကို မစိမ်းကားဘဲ ရင်းရင်းနှီးနှီး နေ''
ဟယ်ချန်းသည်လည်း သူ့လိုကဲ့သို့ ငြိမ်သက်နေပြန်သည်။ တိတ်ဆိတ်လျက်ရှိသည့် သူတို့နှစ်ဦး၏ လေဟာနယ်အား ဖျောက်ဖျက်ပေးလိုက်သူဟာ waiter တစ်ဦးသာ။
"မှာထားတာတွေရပါပြီခင်ဗျ''
လီမာ့ခ် ဟယ်ချန်းအတွက်မှာပေးထါးသောအစားအသောက်တွေအားထို Waiter ကောင်လေးဟာ သေသပ်စွာ ထုတ်ပေးထါးပြီး သူတို့ရှေ့ချပေးလေသည်။ ကုန်ကျငွေအမောက်ကိုလည်းလီမာ့ခ်တစ်ယောက်ရှင်းပေးပြီးသားမို့ ထိုချပေးခဲ့သည့် အစားအသောက် ပစ္စည်းများကို ကိုင်ဆွဲလိုက်လေသည်။
Haechan "ကျေးဇူးပါ...''
"မင်းအိမ်အထိ ငါလိုက်ပို့ပေးပါ့မယ် ငါ့ကြောင့်ဖြစ်တာမို့ ငါလည်းမနေတတ်ဘူး''
"ဟင့်အင်းလေ...ဒေါ်လေးအလုပ်ဆီကျွန်တော် သွားရအုံးမယ်''
"ဘာလို့လဲ...ခြေထောက်ဖြစ်ထားတာကိုအလုပ်လုပ်မို့လား''
လီမာ့ခ် အပြောကို ပြန်လည်ဖြေကြားခြင်းမပြုဘဲ လီမာ့ခ် လက်ထဲမှာကိုင်ထားသည့် အစားအသောက်တွေအား မျက်စပစ်ပြလေသည်။
Haechan ''ဒေါ်လေးကို နေ့လည်စာ တစ်ခါထဲသွားပို့ပေးမို့''
"အာ~~ငါ လိုက်ပို့ပါ့မယ် မင်းစက်ဘီးလည်း အခုလောက်ဆို ငါ့အလုပ်သမားတွေ ငါ့အိမ်ယူသွားလောက်ပြီ''