Dream of love
မပိုင်း (၁၈)လေပြေလေညင်းလေးများ တိုက်ခတ်လာလေတိုင်း သက်ပြင်းချမိလာတတ်တဲ့သူဟာလေ အသက်ဘဲတိုတော့မလိုခံစားရလေပြီ။ အမြဲလို စိတ်မခုလေဘဲ ပျော်ပျော်နေတတ်တဲ့ သူဟာ ယခုမူတော့ငေးငိုင်နေလာ၏။ အခုလိုဖြစ်နေတာကိုလည်း ကိုယ်တိုင်သိသလို တတ်နိုင်သလောက်ပျော်အောင်နေနေသည်။
တောင်!~~
"ဘာအလိုရှိပါလဲခင်..ဟင်...ကိုကို..''
"ဘာအလိုရှိလဲသိလား...မင်းကိုဘဲအလိုရှိတယ်''
ဆိုင်သို့လာသည့် ဧည့်သည်အထင်ဖြင့်လူကိုမကြည့်ဘဲ နှုတ်ဆက်လိုက်မိသည့် ကိုယ့်ကိုယ်ကိုသာ ခေါင်းခေါက်ပေးလိုက်ရမလိုလိုဖြစ်ချေပြီ။ ကိုယ့်၏ ချစ်ရသူကို တွေ့လိုက်ရလို့အလွန်ကိုမှပျော်ဝင်သွားသော်လည်း သူ့ကို ပစ်ထားသူဆိုတာသာ စိတ်ထဲလွှမ်းမိုးနေလေပြီး မပျော်တော့ကာ မျက်စောင်းထိုးကြည့်မိသည်။ ကိုယ့်စိတ်နှင့်သာဆို ကောင်တာအား မှီ၍ လက်ပိုက်ကြည့်နေသော လီမာ့ခ်ကို အော်ပစ်လောက်ပြီဖြစ်ပေမဲ့ အခုကအလုပ်ချိန်ဖြစ်သလိုဘေးတွင်လည်း လူများရှိသေးသောကြောင့် စိတ်ကိုလျော့ကာ စကားဆိုလိုက်သည်။
"အခုမှဘာလာလုပ်တာလဲ?''
"ဘေဘီ...ကိုယ်မှားခဲ့တာရှိရင် တောင်းပန်ပါတယ်အခုကိုယ်မင်းနဲ့ ပြောစရာရှိ''
"မအားဘူး.. ပြန်တော့''
"customerကိုအဲ့လိုဘဲဆက်ဆံရမယ်လို့ အလုပ်ရှင်က သင်ပေးထါးတာလား''
Haechan ''.................''
"စိတ်မဆိုးသေးဘဲ ကိုယ့်စကားနားထောင်ပေးရင်ကောင်းမယ်''
သူ၏ စကားကို မကြားဟန်ဆောင်၍ လုပ်စရာရှိတာသာ ဆက်လုပ်နေသော ဟယ်ချန်းကြောင့် လီမာ့ခ်စိတ်တော့မရှည်ချင်။ စိတ်ရှုပ်မှုများကို သက်ပြင်းနဲ့ရောချပစ်ကာ ဟယ်ချန်းအားမကြည်ကြည့်ကြည့်လေ၏။
"ဘေဘီမဆိုးဘဲ ကိုယ့်စကားကို''
"ဘေဘီလို့မခေါ်နဲ့ ကျွန်တော့်နာမည်မှာ ဘေဘီမပါဘူး..ခေါ်ချင်ရင်ဟယ်ချန်းလို့သာခေါ်..ပြီးတော့ မင်ဟျောင်းဂီပြောမဲ့စကားကို နားထောင်ပေးဖို့လည်းကျွန်တော်မအားဘူး အလုပ်တွေရှိသေးတယ်''