Dream of love
အပိုင်း (၁၄)Haechan ''ကျွန်တော်က ဖုန်းသိပ်မကိုင်ဘူးဗျ...တစ်ခါတစ်လေ ၁ပတ် ၂ပတ်လောက်လဲ ဖုန်းမကိုင်ဖြစ်ဘူး...စောနတောင် ဖုန်းခဏကြည့်တာနဲ့တိုက်ဆိုင်သွားလို့ဖုန်းဆက်တာကိုသိလိုက်ရတာ...နောက်ပြီးရင်လည်း ဆေးရုံသွားရအုံးမယ်...ဒေါ်လေး နေမကောင်းလို့''
Jung hee ''အာ~~အင်းပါ...အဲ့တာဆိုလဲ...လိုအပ်မှဘဲဆက်ရတာပေါ့...တစ်ခုခုစားအုံးလေ...''
အားနာစွာနှင့် ငြင်းလိုက်ချင်သော်လည်း ရမ်းမသွားတဲ့ခေါင်းနဲ့ မငြင်းမိတဲ့ ပါးစပ်ကြောင့် အစ်ကိုဟာလည်း မုန့်မှာလိုက်လေသည်။ မလိမ်တမ်းပြောဆိုဟယ်ချန်း အလွန်ဗိုက်ဆာနေတာဖြစ်၏။ jung hee ဖုန်းဆက်ခေါ်လာခြင်းကြောင့် ယခု ဆိုင်တစ်ဆိုင်တွင်ရှိနေကြတာဖြစ်သည်။ သာမန်တိုင်းသာဆိုလျှင် အပြင်လာဖို့ရန် ဟယ်ချန်းဘက်က လုံးဝလက်မခံမှာသေချာပေမဲ့ jung hee ဟာ အမေရိကန်ကို သွားမှာမို့ နှတ်ဆက်သည့်အနေဖြင့် ခေါ်ခြင်းကြောင့် အားနာစွာနှင့်လာရသည်ဆိုလည်းမမှား။ အခုမှ မနက် ၉နာရီဝန်းကျင်ဘဲရှိနေသေးတာကြောင့် အအေးဓာတ်ကလဲ သိပ်လျော့သွားခြင်းမရှိ။ Padding အနက်ရောင်အကြီးကြီးထဲသို့ နှစ်မြှုပ်နေသည်ထိ အပေါ်ထပ်ကိုဝတ်ထားခြင်းကြောင့် တကယ့်ကိုကလေးလေးတစ်ယောက်လိုဖြစ်နေသည်ကို ဟယ်ချန်းကလွဲ၍ အားလုံးသိနိုင်သည်။
ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တာမို့ ခါတိုင်းလို အိမ်မှာတစ်ယောက်ထဲ ရှိနေရသည် ။ ပိုဆိုးသည်မှာ အရင်လို ည၈နာရီဝန်းကျင်ပြန်လာသည့် အဒေါ်ဖြစ်သူဟာလည်း ကျန်းမာရေး မကောင်း၍ ဆေးရုံတွင် သက်သောင့်သက်သာရှိစေရန် တင်ပေးထား၍ တစ်နေကုန် တစ်ယောက်ထဲနေရတော့မှာဘဲ ဖြစ်သည်။ jung hee နှင့် တွေ့ပြီးရင်လည်း ဆေးရုံကို ခဏသွားပေးရအုံးမည်ဖြစ်သည်။
Haechan ''ဟို...စိတ်မရှိရင်...ကော်ဖီလေးပါမှာပေးပါလားဟင်...ပိုက်ဆံပြန်ပေးပါ့မယ်''
"ဪ...ရပါတယ်မပေးပါနဲ့ အစ်ကိုဘဲ ဝယ်တိုက်ပါ့မယ်ဗျ...။ ဒါပေမဲ့ အငွေ့တွေမျက်မှန် ပြန်ရိုက်ရင်ဘယ်လိုလုပ်မလဲ''