Part - 51

3.1K 140 13
                                    


< 51 >

"ရှုကျုံးကလား?"

ဖွင့်ပွဲအခမ်းအနားကျင်းပတဲ့နေ့က ရှီးယွီရှင်းရဲ့ အကြည့်တွေကို ချက်ချင်းဆိုသလိုပင် ချိယွီစိတ်ထဲပြန်တွေးမိလာခဲ့ပြီး : "သူက ရှုကျုံးနဲ့လဲ ဆက်နွယ်နေသေးတာလား? "

"နီးစပ်တယ်"

ချိယွီကဘေးဖက်ကိုလှည့်ကြည့်လာကာ : "မင်းဘယ်လိုသိတာလဲ?"

ဟယ်ကျိုးက မြေအောက်ထပ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ရှုကျုံး က 'ဟယ်' အိမ်တော်ကို လာလည်တာကအစ ပြောပြလာခဲ့တယ်။

သူ့လက်ထဲတွင် စတီယာရင်ဘီးကို လှုပ်ရှားပေးနေရင်း မျက်တောင်မခတ်တမ်း ထပ်ပြောပြလာခဲ့သည်။"သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းထူးဆန်းနေတယ်၊ ​​မဟုတ်ရင်အဲ့နေ့က ရှုကျုံး ရှီးယွီရှင်းနဲ့ လွယ်လွယ်လိုက်သွားခဲ့မှာမဟုတ်ဘူး..."

"ပြီးတော့ကော?"

"ရှီယွီရှင်းက အိုမီဂါ၊ ဘာလို့အရင်ကဘီတာလက္ခဏာ ပြခဲ့လဲ ကိုယ်မသိပေမယ့် ကိုယ်အရင်တခေါက်သူ့ကိုဆေးရုံမှာတွေ့တုန်းက သူအမှတ်အသားပေးခံရပြီးသားဆိုတာ ကိုယ်တွေ့ခဲ့တယ်။မမှားနိုင်ဘူး"

"ဒီတော့ ရှီးယွီရှင်းက ရှုကျုံးကိုကြိုက်နေတာလား?"

ချိယွီအံ့ဩသွားခဲ့တယ်။"...ဒါပေမယ့် သူကချိဟန်နဲ့ စေ့စပ်ပြီးသားလေ?"

"ဘာလို့ စေ့စပ်တယ်ထင်လဲ"

ချိယွီရဲ့ နှုတ်ခမ်းကတုန်လှုပ်သွားပြီ"...ဟုတ်သားပဲ"

ဟယ်ကျိုးကပြောလာတယ် "ရှုကျုံးက ချိယွမ်ရှန်းနေရာမှာ အစားထိုးချင်ပေမယ့် တစ်ခုခုလွဲမှားသွားခဲ့တယ်၊ဒါက ရှီးယွီရှင်းမင်းကို အလျင်အမြန် လာရှာရတဲ့ အကြောင်းရင်းဖြစ်မယ်"

သူနှင့် ချိယွီ ပွဲကထွက်သွားပြီးနောက် ရှုကျုံး ဒဏ်ရာရခဲ့တယ်...။

ထိုနေ့ကရှုကျုံးသည် ဖွင့်ပွဲတွင်ရှိနေခဲ့သည်။ အန္တရာယ်ရှိတဲ့နေရာကိုမသွားသရွေ့တော့ လုံချန်းမှာ အကြမ်းဖက်မှုနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းမရှိပေ။ ဒါဆို နေ့ခင်းကြီးမှာ သူ့ကို ဘယ်သူက နာကျင်အောင်လုပ်လိုက်တာဖြစ်နိုင်မလဲ?။ ချိယွမ်ရှန်းတစ်ယောက်သာ ဖြစ်နိုင်မည်။

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now