《1》

10.9K 202 4
                                    

"ကျွန်တော့်ကိုမသတ်ပါနဲ့!
သခင်လေးကျွန်တော့်ကိုမသတ်ပါနဲ့"

ထိုင်ခုံနှင့်တွဲလျက်ချည်နှောင်ခံစားရတဲ့အမျိုးသားဟာ
မျက်ရည်တွေသာမကနှာရည်တွေပါကျတဲ့အထိ
ငိုကြွေးတောင်းပန်နေပေမဲ့

စီးကရက်အားဟန်ပါပါဖွာရှိုက်နေတဲ့အမျိုးသားဟာတော့သနားညှာတာခြင်းမရှိခဲ့ ...

"မင်းငါ့ငွေတွေကိုနှစ်ပေါက်တစ်ပေါက်ရိုက်တုန်းကတော့ပျော်နေတယ်မဟုတ်လား
အခုမှဘာတွေလာကြောက်ပြနေတာလဲ
ယောက်ျားဆိုတာလုပ်ရဲရင်ခံရဲရတယ်ကွ "

ဖြောင်း!

ငိုကြွေးနေတဲ့အမျိုးသားပါးကိုသုံးချက်ဆင့်ရိုက်ပြီးနောက်
သူ့လူတွေကို lion အမိန့်ပေးလိုက်သည်

"ငါ့သားကြီးဖိုးထောင်ကိုခေါ်လာခဲ့"

ခပ်မာမာအမိန့်သံဆုံးတာနဲ့ ငယ်သားတစ်ယောက်က
ကြီးမားတဲ့ Dobermann အနက်ရောင်ခွေးကြီးတစ်ကောင်ဆွဲခေါ်လာခဲ့သည်

ဝုတ်! ဝုတ်!

Lion ရဲ့ခွေးကြီးဖိုးထောင်ဟာ ထိုင်ခုံနှင့်တွဲလျက်ချည်နှောင်ခံထားရတဲ့အမျိုးသားကိုမြင်လိုက်တာနဲ့
ကျယ်လောင်စွာဟိန်းဟောက်တော့သည်

"မလုပ်ပါနဲ့!
တောင်းပန်ပါတယ်မလုပ်ပါနဲ့..."

ဂိုဏ်းအတွင်းသစ္စာဖောက်တွေဟာ ခွေးကြီးဖိုးထောင်ရဲ့ကိုက်ဖြတ်စားသောက်ခံရခြင်းဖြင့်
အဆုံးသတ်တာကိုသိပြီးသားအမျိုးသားဟာ သေးတွေထွက်ကျသည်အထိကြောက်ရွံ့လာသည်

ထိုမြင်ကွင်းကိုအရသာခံကြည့်နေတဲ့ lion ဟာ
ခွေးအားထိန်းထားသူကိုလွှတ်ပေးလိုက်တော့ဟူသောသဘောဖြင့်အချက်ပြလိုက်သည်

ဝုတ်! ဝုတ်!

ကြိုးပြေလျော့သွားတာနဲ့ ဖိုးထောင်ဟာ ကျယ်လောင်စွာဟိန်းဟောက်ပြီး
အမျိုးသားဆီ တရှိန်ထိုးပြေးသွားတော့သည်

အား!!!!!

ငယ်သံပါအောင်အော်သံကြီးနှင့်အတူ သွေးညှီနံ့ဟာလေထုအတွင်းပျံ့နှံ့သွားသည်
ဆန့်တငင်ဖြစ်နေတဲ့လူကို ခွေးနက်ကြီးကိုက်ဖြတ်စားသောက်နေပုံအားခနခနမြင်ဖူးလေ့ရှိပေမဲ့
ကြောက်ရွံ့နေဆဲဂိုဏ်သားတွေဟာ မျက်လုံးမှိတ်လိုက်ကြသည်

Mr.LionWhere stories live. Discover now