《25》

2K 70 1
                                    

ရမ်နိုးလာတော့ချစ်ရသူဟာသူဘဘေးတွင်ရှိမနေတော့
အဲ့ဒီအစား စားပွဲပေါ်၌ စာရွက်ဖြူဖြူလေးတစ်ခုသာတွေ့လိုက်ရတာကြောင့်
ရမ်အလျင်စလိုဖွင့်ဖတ်လိုက်သည်
စာရွက်ဖြူပေါ်ကစာလုံးဝိုင်းဝိုင်း​လေးတွေဟာ.....

"ဒီနေ့ကစမင်းနဲ့ငါဘာပက်သက်မှုမှမရှိတော့ဘူး
ငါ့ရှေ့မှာဘယ်တော့မှပေါ်မလာပါနဲ့ ..."

လက်ထဲကစာရွက်ဖြူဖြူလေးဟာ ကြမ်းပြင်ပေါ်သို့သက်ဆင်းသွားသည်
ရမ်အဝတ်အစားကပိုကရိုဖြစ်နေတာတောင်မတွေးနိုင်တော့ပဲ အခန်းပြင်ပြေးထွက်ကာ
တွေ့သမျှလူအား "Boss ဘယ်သွားလဲ" ဟုလိုက်မေးတော့သည်
သို့သော်မည်သူ့ဆီကမျှအဖြေစကားမရခဲ့...

"ဘာလို့လဲ!
ဘာလို့ကျွန်တော့်ကိုစွန့်ပစ်ရက်နိုင်ရတာလဲ!"

ရမ်ဒူးထောက်လျက်ကျသွားပြီး မျက်ရည်တွေတသွင်သွင်စီးကျလာတော့သည်
သူ boss ကိုတကယ်ချစ်တာ
ဦးဘုန်းထက်အောင်ဆိုတာသူ့အဖေအရွယ်လောက်ရှိမှန်းသိတာတောင်
မငြိုမငြင်ချစ်ပေးခဲ့တာဘာလို့သူ့ကိုကျပြန်မချစ်ပေးနိုင်ရတာလဲ!

ဘုတ်!

သူစိတ်ထိခိုက်နေတုန်းမှာပဲအဝတ်ထုတ်နဲ့ကောက်ပေါက်ခံလိုက်ရသည်
ကောက်ပေါက်သူက သူပြီးရင် boss အယုံကြည်ရဆုံးလူယုံ....

"Boss ကမင်းကိုမမြင်ချင်တော့ဘူးအခုထွက်သွားတဲ့ "

ထိုစကားကြောင့်ရမ် boss စာဖတ်လေ့ရှိတဲ့အခန်းကိုလှမ်းကြည့်လိုက်၏
ပြတင်းပေါက်ရှိခန်းဆီးစလေးလှုပ်သွားတာမြင်တော့ မဲ့ပြုံးပြုံးကာ

"ငါမထွက်သွားရင်ရော" ဟုမေးလိုက်သည်

"မထွက်သွားရင် boss ကနေရာမှာတင်ပစ်သတ်လိုက်ပါတဲ့"

"ကောင်းပြီ "

ရမ်သူ့အဝတ်ထုတ်ကိုကိုင်ရင်း မတ်တတ်ထရပ်လိုက်သည်
အဲ့ဒီနောက်မဲ့ပြုံးနှင့်ပြတင်းပေါက်ကိုလှမ်းကြည့်ကာ
"ငါသွားမယ် ဒါပေမဲ့သူ့ကိုတော့ငါသေချာပေါက်ပြန်လာမယ်ဆိုတာပြောပေး "

"ကောင်းပါပြီ"

ရမ်လေးလံနေသောခြေလှမ်းတို့နှင့်လှည့်ထွက်ခဲ့တော့သည်
ကျွန်တော်သေချာပေါက်ပြန်လာပြီး  boss ကိုအပိုင်သိမ်းမှာ.....

Mr.LionWhere stories live. Discover now