ဘေဘီကနှစ်ဖက်မိဘတွေ တစ်ဦးတစ်ယောက်မှမပါဝင်တဲ့မင်္ဂလာပွဲကိုမလုပ်ချင်ဘူးဟုဆိုလာတာကြောင့် Lion ခင်ဗျာမတော်ချင်သည့်ဖခင်နှင့်ပြန်ဆက်သွယ်ဖို့ဖြစ်လာတော့သည်
"ဦးဘုန်းထက်အောင်...."
ကွန်ပျူတာကနေတစ်ဆင့် ဝယ်လက်တွေနှင့်စကားပြောနေသောဘုန်းထက်ဟာ
သားဖြစ်သူနှင့်ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရသည့်အခါ အနည်းငယ်အံ့အားသင့်သွားရသည်
သူဖိအားပေးတဲ့အခါမှသာ အိမ်ပြန်လာတတ်သည့်သားက မဖိတ်ဖခါ်ပဲရောက်လာတော့ပျော်လည်းပျော်မိသည်"သားတို့ထိုင်....."
Lion ကခပ်တည်တည်ပဲခုံမှာဝင်လိုက်၏
နောင်ရိုးကတော့ ဦးဘုန်းထက်အောင်ကိုရှိန်နေတာကြောင့်တောင့်တောင့်ကြီးရပ်နေမိသည်"ကောင်လေးမင်းလည်းထိုင်လေ"
"ဟုတ်ကဲ့..."
ဘုန်းထက်သားဖြစ်သူရဲ့ကောင်လေးကိုအကဲခတ်ကြည့်ပြီးနောက်အတော်လေးသဘောကျသွားသည်
ရမ်ပြောသလိုပင် ကောင်လေးကတည်ငြိမ်ရင့်ကျက်ပြီး
စဥ်းစားဆုံးဖြတ်နိုင်လည်းရှိမဲ့ပုံရတာကြောင့် သူ့သားလိုတဇွတ်ထိုးသမားနှင့်နေနှင့်လ ရွှေနှင့်မြပေါ့....ဘေဘီကိုစူးစိုက်ကြည့်နေသည့်ဖခင်ကြောင့် Lion ဘေဘီခါးအားဖက်ပြီး
သူ့အနားကပ်စေလိုက်သည်
ဒါကိုကိုမြင်တော့ဘုန်းထက်ခင်ဗျာမပြုံးပဲမနေနိုင်ပေ
အတော်သဝန်ကြောင်တဲ့ကောင်...."ဒါနဲ့သားတို့ကဘယ်ကဘယ်လိုရောက်ချလာတာလဲ"
"......"
"ဟို...ကျွန်တော်တို့မင်္ဂလာပွဲကို မိဘနေရာကတက်စေချင်လို့လာဖိတ်ကြားတာပါ
ကျွန်တော့်ဘက်ကကျမိဘနှစ်ပါးလုံးလည်းကွယ်လွန်သွားပြီဖြစ်တာကြောင့် ဦးကိုတော့တက်စေချင်ပါတယ်"Lion ကတိတ်ဆိတ်နေတာကြောင့်နောင်ရိုးကပဲ ဘုန်းထက်ရဲ့အမေးကိုပြန်ဖြေလိုက်သည်
ဘုန်းထက်သိသိသာသာပင်အပြုံးပန်းဝေဆာသွားတော့သည်
သူ့သားရဲ့မင်္ဂလာပွဲကိုဒီတစ်သက်တက်ရောက်ခွင့်မရှိတော့ဘူးလို့ပဲတွေးနေခဲ့တာ....
YOU ARE READING
Mr.Lion
عاطفيةလူတွေကကိုမုန်းတဲ့အရာတွေကိုသာရရှိပိုင်ဆိုင်တတ်ကြသတဲ့ အလောင်းကစားအလုပ်ကိုရွံ့ရှာမုန်းတီးတဲ့ ဆရာဝန်လေးနောင်ရိုးတစ်ယောက် အလောင်းကစားဝိုင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့မာဖီးယားတစ်ယောက်နဲ့အကြောင်းပါလေသောအခါ...