အရိုင်းအစိုင်းထွက်သွားပြီးနောက် အခုထိခေါင်းငိုက်စိုက်ဖြစ်နေသေးသည့်
ဦးလေးထံ နောင်ရိုးတရွေ့ရွေ့လျှောက်သွားလိုက်သည်"ဘယ်လိုဖြစ်တာလဲ
ဘယ်လိုဖြစ်လို့အဲ့ဒီလိုလူဆီမှာအကြွေးတင်ရတာလဲ!"ဦးမှိုင်းဟာတူဖြစ်သူကိုမဝံ့မရဲမော့ကြည့်လိုက်သည်
သူ့အနေနဲ့အသက်ကြီးပေမဲ့ ဘာစောက်သုံးမှမကျတာကြောင့်
တူဖြစ်သူကိုရင်မဆိုင်ရဲပေ"အလောင်းကစားလုပ်တာမလား
"ဟုတ်တယ်မလား ဖြေစမ်းပါဦး!!"နောင်ရိုးအသားတွေတဆတ်ဆတ်တုန်သည်အထိဒေါသထွက်လာသည်
တစ်ဦးတည်းသောဆွေမျိုးဖြစ်တာကြောင့် လိုလေသေးမရှိအောင်သူ့ဘက်မှဖြည့်ဆည်းပေးခဲ့ပေမဲ့
သူ့နောက်ကွယ်မှာအလောင်ကစားလုပ်ပြီး အကြွေးတွေတင်ထားသည်တဲ့
ဘယ်လောက်တောင်ရင်နာစရာကောင်းလိုက်သလဲ"ဦးလေးအလောင်းကစားလုပ်တာမဟုတ်ပါဘူးငါ့တူရာ"
"ကျွန်တော့်ဘက်ကဒီလောက်ဖြည့်ဆည်းပေးနေတာ
အလောင်းကစားမှမလုပ်ရင်
အဲ့ဒီအကြွေးတွေကဘယ်လိုတင်လာတာလဲဟမ်""တောင်းပန်ပါတယ်ငါ့တူရာ"
"မတောင်းပန်ပါတယ်နဲ့ တောင်းပန်တာကျွန်တော်လိုချင်တာမဟုတ်ဘူး"
"ဦးလေးရဲ့အကိုကျွန်တော့်အဖေကလည်းအဲ့ဒီအလောင်းကစားကြောင့်ပဲအသက်ဆုံးခဲ့တာတောင်
သိသိကြီးနဲ့မိုက်ရဲသေးတယ်
အမှတ်သည်းခြေဆိုတာမရှိဘူးလား""ဦးလေး ဒီတစ်ခါမှတ်ပါပြီ
နောက်မမိုက်တော့ပါဘူး
အကြွေးလေးကိုတော့ကူဆပ်ပေးပါကွယ်""မဆပ်ပေးနိုင်တော့ဘူး ကိုယ့်ဘာသာဆပ် "
နောင်ရိုးမျက်နှာကိုတတ်နိုင်သမျှတင်းထားပြီး
ခပ်ပြတ်ပြတ်ပြောလိုက်သည်
ဦးလေးဖြစ်သူရဲ့အကြွေးကိုသူဆပ်ပေးခဲ့တာငါးခါမကတော့
ဒီတစ်ခါတကယ်မဆပ်ပေးနိုင်တော့ဘူးဦးမှိုင်းတူဖြစ်သူရဲ့ ခြေထောက်ကိုပြေးဖက်လိုက်သည်
"ငါ့တူရယ်
ဦးလေးကိုသနားပါ
မင်းမှအကြွေးမဆပ်ပေးရင် Lion ကဦးလေးကိုသတ်တော့မှာကွ"
YOU ARE READING
Mr.Lion
Romanceလူတွေကကိုမုန်းတဲ့အရာတွေကိုသာရရှိပိုင်ဆိုင်တတ်ကြသတဲ့ အလောင်းကစားအလုပ်ကိုရွံ့ရှာမုန်းတီးတဲ့ ဆရာဝန်လေးနောင်ရိုးတစ်ယောက် အလောင်းကစားဝိုင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့မာဖီးယားတစ်ယောက်နဲ့အကြောင်းပါလေသောအခါ...