《4》

3K 87 3
                                    

အနည်းငယ်လှုပ်ရှားလိုက်တာကြောင့် လက်မောင်းထက်ကပတ်တီးဖြူဖြူမှာသွေးတို့စွန်းထင်လာသည်
ဇိုင်းမှာ သခင်ဖြစ်သူကိုစိုးရိမ်သွားရကာ

"သခင် Lion လက်မောင်ကသွေးပြန်ထွက်နေပြီ"

"အင်း ငါ့ကိုဆရာဝန်သွားခေါ်ပေး"

"ဟုတ်ကဲ့"

သူ့အားအရိုသေပေးပြီးလှည့်ထွက်တော့မဲ့ဇိုင်းကို Lion လှမ်းတားလိုက်သည်

"နေဦးငါအဖိုးကြီးမှိုင်းရဲ့တူကိုလိုချင်တယ်"

ဇိုင်းသခင်ကိုနားမလည်သလိုကြည့်လိုက်သည်
အဖိုးကြီးမှိုင်းဆိုတာသူတို့ကာစီနိုဝိုင်းရဲ့ဖောက်သည် ပြီးတော့အကြွေးများစွာတင်နေတဲ့သူ
သခင်ကအကြွေးရှင်းတဲ့အခါ တိုက်ရိုက်ပဲရှင်းလေ့ရှိတဲ့သူအခုကျမှဘာထဖြစ်တာတုန်း

တပည့်ဖြစ်သူရဲ့အကြည့်ကို Lion ရိပ်စားမိ၍
"ဟေ့ကောင်!
အဖိုးကြီးမှိုင်းရဲ့တူကဆရာဝန်ကွ
ငါ့ဒဏ်ရာကုပေးဖို့သူ့ကိုလိုချင်တယ်ပြောတာ မင်းဘာတွေအတွေးလွန်နေတာလဲ "ဟုခပ်မာမာပြောလိုက်သည်

ထိုအခါမှဇိုင်းက ပျာပျာသလဲ
"ကျွန်တော်အခုသွားပါ့မယ်"ဟုဆိုကထပြေးတော့သည်

Lion ကတော့ပါလာသည့်ဆေးထုပ်ကလေးကိုကြည့်ရင်းနှုတ်ခမ်းတို့တွန့်ချိုးသွားသည်
သဘောကျစရာကောင်းတဲ့ဒေါက်တာလေး
ခင်ဗျားကကျွန်တော့်လူ...
ကျွန်တော့်အပိုင်....

____________________________
ခေါင်းကိုစွတ်ထားသည့်အဝတ်အမဲကြီးကိုဖယ်လိုက်တော့
နောင်ရိုး၏အမြင်တို့ရှင်းလင်းသွားရသည်

"မင်းငါ့ကိုဘာလို့ဖမ်းထားလဲ!"

မျက်ထောင့်နီကြီးနဲ့ဒေါသတကြီးစကားစလာတာကြောင့် Lion ပြုံးလိုက်သည်
Lion ရဲ့အပိုင်ဆိုတဲ့အတိုင်း
အမြဲရန်လိုနေတော့တာပဲ

"အရူးလိုရယ်မနေနဲ့!
ငါ့ကိုဖမ်းလာတာဘာအထာလဲသာပြော"

"အိုးဟိုးစိတ်လျှော့ပါကွာ ကိုယ်ကကိုယ့်ဒဏ်ရာကိုမင်လေးကုသပေးစေချင်လို့ပါ"

"အော်.....
လူကိုကြိုးတုတ် အဝတ်မဲအုပ်ပြီးဖမ်းခေါ်လာတာ ဆရာဝန်ပင့်တာပေါ့လေ"

Mr.LionWhere stories live. Discover now