《7》

3K 106 2
                                    

"ဝုတ်! ဝုတ်!!"

ကြောက်ဖို့ကောင်းလွန်းလှသည့်ခွေးနက်ကြီးက
သရေတမြားမြားနှင့်သူ့အားကြည့်ကာဟိန်းဟောက်နေခြင်းကြောင့်နောင်ရိုးကိုယ်လေး
တဆတ်ဆတ်တုန်ယင်နေသည်

လှောင်အိမ်ထဲခွေးကြီးနှင့်သူသာရှိနေတာကြောင့်
မတော်တဆခွေးကြီး၏ကြိုးပြတ်သွားပါလျှင်ဆိုသည့် အတွေးတို့ကလည်းကြီးစိုးနေသည်

"ငါတောင်းပန်ပါတယ် ငါ့ကိုပြန်ထုတ်ပေးပါ
ဒီမှာမနေချင်ဘူး"

နောင်ရိုးလှောက်အိမ်ထဲမှနေ၍အမျိုးမျိုးတောင်းပန်နေပါသော်လည်း
တစ်ယောက်တစ်လေမျှသနားပြီး ကယ်ဆယ်ခြင်းမပြုကြပေ

"ဝုတ်! ဝုတ်! "

ဖြုတ်!!

ခွေးနက်ကြီးရုန်းကန်အားကြောင့် ကြိုးဟာ ရုတ်တရက်ပြတ်ထွက်သွားသည်
လွတ်လပ်သွားတာနဲ့ခွေးကြီးကအချိန်မဆိုင်းပဲ
သူ့ထံကဆုန်ပေါက်ပြေးလာတာကြောင့် နောင်ရိုးမျက်လုံးစုံမှိတ်ကာငယ်သံပါအောင်အော်ဟစ်လိုက်သည်

"တောင်းပန်ပါတယ်! ငါ့ဆီမလာပါနဲ့!!!"

ဝုန်း!!!

Lion သူ့သားကြီး ကြိုးပြတ်သွားတာနဲ့ လှောင်အိမ်တံခါးကိုကန်ဖွင့်ပြီး
တဆတ်တုန်ယင်နေတဲ့ပိုးဟပ်ဖြူလေးကိုရင်ခွင်ထဲဆွဲထည့်လိုက်သည်
သခင်မြင်လိုက်တာနဲ့ခွေးကြီးဖိုးထောင်ဟာလည်းအရှိန်သတ်သွားပြီး
အမြှီးလေးနှံ့တော့သည်

နောင်ရိုးခွေးကြီး၏ကိုက်ဖြတ်မှုအစား
နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးထဲရောက်သွားတာကြောင့်မျက်လုံးလေးဖွင့်ကာမဝံ့မရဲကြည့်လိုက်သည်
ထိုအခါသူ့အားငုံ့ကြည့်နေသည့် ညှို့မျက်ဝန်းတစ်စုံ​နှင့်သွားဆုံတွေ့သည်

"ထွက်ပြေးရဲသေးလား...."

နောင်ရိုးချက်ချင်းခေါင်းယမ်းပြလိုက်သည်
အဲ့ဒီအခါ အရိုင်းအစိုင်းကကျေနပ်အားရဟန်ဖြင့်ပြုံးလာသည်

"လိမ္မာတယ်....
သေချာမှတ်ထား Lion အပိုင်လို့သတ်မှတ်ထားတဲ့အရာက
အမြဲတမ်းအတွက် Lion အပိုင်ဘဲ"

ပုံမှန်ချိန်ဆို နောင်ရိုး နှုတ်ခမ်းတစ်လံပန်းတစ်လံနှင့်ပြန်ရန်တွေ့မိမှာဖြစ်ပေမဲ့
အခုတော့ခေါင်းတဆတ်ဆတ်ငြိမ့်ကာထောက်ခံရုံမှလွဲရွေးစရာမရှိခဲ့ပေ....

Mr.LionWhere stories live. Discover now