《19》

2.2K 77 5
                                    

ကျွီ! ဒုန်း

လမ်းအကွေ့ကနေရုတ်တရက်ထွက်လာတဲ့ဆိုင်ကယ်ကြောင့်
နောင်ရိုးအလျင်အမြန်ဘရိတ်အုပ်လိုက်သည်
အချိန်မှီဘရိတ်အုပ်နိုင်လိုက်သော်ငြားလည်း တစ်ဖက်လူဟာအလန့်လွန်သွားတာကြောင့်ထင်သည်
ဆိုင်ကယ်ဟာလဲကျသွားခဲ့သည်

"မင်းအဆင်ပြေရဲ့လား...."

"ခင်ဗျားစောက်လုံးမပါ...."

သူရိယ သူ့သားကြီးထိခိုက်သွားတာကြောင့် ရန်ဖြစ်ဖို့ဟန်ပြင်ထားသည့်စကားတွေဟာ
ကြည်လင်ရှင်းသန့်နေသည့်ရုပ်လှလှလေးကြောင့် ထွက်အံမလာတော့ပဲကြောင်အကာငေးနေမိသည်
လှတယ် ယောက်ျားတစ်ယောက်ကိုလှတယ်လိုမသုံးသင့်ပေမဲ့ သူရှေ့ကလူကတော့တကယ်ကိုလှတယ်

《သားကြီး=ဆိုင်ကယ်》

"ဟေ့! ချာတိတ်အဆင်ပြေရဲ့လား "

သူ့အားငေးနေသည့်ကောင်လေးကြောင့်နောင်ရိုးအသိဝင်အောင်မျက်နှာရှေ့လက်ဝှေ့ယမ်းလိုက်သည်
ထိုအခါမှကောင်လေးကအသိဝင်လာဟန်ဖြင့်ရှိသမျှသွားပေါ်အောင်ရယ်ပြလာသည်

"အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့အဆင်ပြေပါတယ်"

အဆင်ပြေပါတဲ့ဟုဆိုလိုက်ပေမဲ့ သူရိယခြေကျင်းဝတ်တစ်ဖက်ကတော့သိသိသာသာကိုနာကျင်နေခဲ့သည်
နောင်ရိုးကောင်လေးရဲ့ဟန်ပန်ကသိပ်အဆင်မပြေတာကြောင့်
"မင်းကြည့်ရတာသိပ်အဆင်မပြေသလိုပဲ ဆေးရုံသွားမလား"

"ဟိုဆေးရုံတော့မသွားတော့ဘူး အဲ့အစားကိုကိုဖုန်းနံပါတ်ပေးပါလား"

"ဟမ်..."

"တစ်မျိုးတော့မထင်ပါနဲ့ ကျွန်တော်ကအခုဆေးခန်းပြဖို့အချိန်မမှီလို့
တစ်ခုခုဆိုးဝါးတာဖြစ်ရင်ဆက်သွယ်ရအောင်ပါ"

"ကောင်းပြီလေ"

နောင်ရိုးကောင်လေးကိုသူ့လုပ်ငန်းခွင်ကပ်အားကမ်းပေးလိုက်သည်

"တစ်ခုခုဖြစ်ရင်ဆက်သွယ်လိုက်ပါ"

ဝူးဝူး! ဝူး

"သတိထား"

ကောင်လေးကသူပေးတဲ့ကဒ်ကိုအရင်မယူပဲ သူ့အားရင်ခွင်ထဲဆွဲထည့်လိုက်သည်
နောင်ရိုးအနည်းငယ်စိတ်ထဲခုလုခုလုဖြစ်သွားပေမဲ့ ကောင်လေးရဲ့ရည်ရွယ်ချက်ကိုသိတော့စိတ်မဆိုးနိုင်တော့ပေ

Mr.LionWhere stories live. Discover now