မနက်ခင်းအလင်းရောင်ကအခန်းတွင်းဖြာကျလာတာကြောင့်
အပြုံးလေးနှင့် Lion မျက်လုံးတို့ပွင့်လာသည်
ချစ်ရသူနဲ့အတူနိုးထရတဲ့နံနက်ခင်းကတကယ်ကိုကြည်နူးစရာကောင်းလှသည်"ဘေဘီ......ကိုယ့်အပိုင်လေး"
သူပေးထားသည့်အချစ်အမှတ်အသားတွေနှင့် လှချင်တိုင်လှနေသူလေးကို
နှားဖူးထက်အနမ်းခြွေလိုက်စဥ် ကျက်သရေမရှိသောတံခါးခေါက်သံကထွက်ပေါ်လာခဲ့သည်
Lion သူ့ဘေဘီအနှောက်အယှက်ဖြစ်မှာဆိုးလို့
အခန်းအပြင်ကိုကပျာကယာထွက်လိုက်သည်
ညကဘေဘီအရမ်းပင်ပန်းထားတာ အိပ်ရေးဝအောင်အိပ်ပါစေလေ....အခန်းပြင်ရောက်တာနဲ့ အေးစက်စက်ရောင်ဝါတွေထုတ်လွှတ်နေသည့်
သခင်ဖြစ်သူကြောင့် 1 မှာကြက်သီးတဖြန်းဖြန်ထနေတော့သည်
သူဘာအမှားလုပ်မိလို့ပါလိမ့် ...."1 ဘာကိစ္စလဲ"
"ရဲမှူးကြီးတို့ရောက်နေပါတယ်..."
Lion အလိုမကျစွာဖြင့်မျက်ခုံးတို့တွန့်ချိုးသွားသည်
သူဒီအဖိုးကြီးတွေကိုငွေရည်အလုံအလောက်လောင်းပြီးသား
ဒါကိုဘာပြသနာလာရှာပြန်တာလဲ...."ကျွန်တော်သူ့ကိုဧည့်ခန်းထဲမှာစောင့်ခိုင်းထားပါတယ်...."
"အင်း...သွားကြတာပေါ့"
ဧည့်ခန်းထဲခပ်ရို့ရို့ထိုင်နေသည့်ရဲမှူးကြီးဦးနန္ဒဟာ Lion ကိုအလွန်ကြောက်သည်
သူလူတစ်ယောက်သတ်ဖို့ဆိုတာ လက်ဖျောက်တစ်ချက်တီးရုံပဲလေ
သို့သော် ငွေကြေးလိုအပ်ချက်ကြောင့် မလာမဖြစ်လာရခြင်းဖြစ်သည်"မတွေ့တာကြာပြီနော်ဦးနန္ဒ"
Lion ဆိုဖာမှာခပ်လျော့လျော့ထိုင်ရင်း နှုတ်ဆက်လိုက်တော့
အဖိုးကြီးက ရှိသမျှသွားပေါ်အောင်ရယ်ပြလာသည်"ပြော..ဘာကိစ္စလဲ"
သူ့ဘက်ကစကားစတော့မှ အဖိုးကြီးကဟိတ်ဟန်ထုတ်ကာ
"အဟမ်း... ကျုပ်တို့စခန်းကိုမောင်ရင်ပြန်ပေးဆွဲတာခံရလို့ပါဆိုပြီး
ဖုန်းဆက်တိုင်ကြားသူရှိလို့လာစစ်ဆေးတာပါ" ဟုစကားစလာသည်ထိုစကားဆုံးတော့ lion နှုတ်ခမ်းထက်အပြုံးယေးယေးဖြစ်ထွန်းသွားသည်
သူ့ပိုးဟပ်ဖြူလေးကတကယ်ကိုအကြံကြီးပါလား...
ထွက်ပြေးလို့မလွတ်မြောက်ခဲ့ရင် သူ့ကိုကူညီနိုင်မည့်စစ်ကူပါရှာထားသေးတယ်
အဟက်! သူမသိတာကသူစစ်ကူတောင်းတဲ့လူမှားသွားတယ်ဆိုတာဘဲ
YOU ARE READING
Mr.Lion
Romanceလူတွေကကိုမုန်းတဲ့အရာတွေကိုသာရရှိပိုင်ဆိုင်တတ်ကြသတဲ့ အလောင်းကစားအလုပ်ကိုရွံ့ရှာမုန်းတီးတဲ့ ဆရာဝန်လေးနောင်ရိုးတစ်ယောက် အလောင်းကစားဝိုင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့မာဖီးယားတစ်ယောက်နဲ့အကြောင်းပါလေသောအခါ...