《24》

2K 74 0
                                    

"ကိုကိုသူပြောတာတကယ်လား"
သူရိယအနေနှင့်သူ့အချစ်ဦးမှာသက်ဆိုင်သူရှိတယ်ဆိုတာလက်မခံနိုင်၍
သေချာအောင်ကိုကို့ကိုမေးလိုက်သည်

"ဟ! သူ့သက်ဆိုင်သူတစ်ယောက်လုံးမင်းရှေ့ ေရာက်နေတာတောင်
ဘာတွေထပ်သိချင်သေးတာလဲ"

"ပြောပြလိုက်ဘေဘီ ကိုယ်ကမင်းရဲ့သက်ဆိုင်သူလို့..."

ပခုံးပေါ်လက်တွေကတင်းကြပ်သွားတာကြောင့်နောင်ရိုးနာကျင်သွားရသလို
လက်ရှိအခြေအနေကိုလည်းသဘောပေါက်သွားရသည်
သူ့အပေါ်အရိုင်းအစိုင်းသဝန်တိုနေလေပြီ
သူသာတိတ်ဆိတ်နေဦးမည်ဆိုပါကမထင်မှတ်ထားတဲ့ ပြဿနာတွေဖြစ်တော့မည်
ဒါကြောင့် သူဟာအရိုင်းအစိုင်းနဲ့လက်ထပ်ထားပြီးသားဖြစ်ကြောင်းဖွင့်ပြောလိုက်ရတော့သည်

ဘေဘီကသူနှင့်လက်ထပ်ထားကြောင်းဝန်ခံလိုက်သည့်အခါ
Lion စိတ်ကျေနပ်သွားပြီးဘေဘီပါးကိုတယုတယနမ်းလိုက်သည်
အဲ့ဒီနောက်အောင်နိုင်သူမျက်နှာဘေးနှင့်

"ဘေဘီကဝန်ခံလိုက်ပြီဆိုတော့ မင်းလက်ခံပြီလား"ဟုသူရိယကိုကြည့်ကာမေးလိုက်သည်

သူရိယကတော့ ပထမဆုံးအချစ်မှာတင် ရှေ့ဆက်တိုးခွင့်မရှိတော့တာကြောင့်
ခေါင်းငိုက်ဆိုက်ကျသွားရသည်
ဘာလို့လဲ! ဘာလို့သူကလိုချင်တဲ့အရာတွေကိုမရနိုင်ရတာလဲ

နောင်ရိုးကောင်လေး၏ပုံစံကြောင့်အနည်းငယ်သနားသွားရသည်
သူ့မှာညီငယ်လေးရှိခဲ့မယ်ဆိုဒီအရွယ်လေးပဲလေ

"ဘေဘီ သွားကြရအောင်"

Lion deep voice ဖြင့်ဘေဘီနားနားကပ်ကာစကားဆိုလိုက်သည်
ဘေဘီဒီကောင့်ကို ဂရုဏာသက်သလိုကြည့်တာဟာသူ့အားဒေါသမိုးရွာသွန်းဖြိုးစေတာကြောင့်
ဒီမှာကြာကြာဆက်မနေချင်တော့ပေ...
နောင်ရိုးလည်းဆက်မနေချင်တော့တာကြောင့်အသာတကြည်လက်ခံလိုက်တော့သည်

Lion တို့နှစ်ဦးထွက်သွားပြီးတာနဲ့ ခေါင်းငုံ့ထားတဲ့သူရိယဟာကောက်ကျစ်စွာပြုံးလိုက်သည်
"ကိုကိုကသူ့အပိုင်!
ဘယ်လိုပဲလုရလုရကိုကိုကသူ့အပိုင်ပဲဖြစ်ရမယ်!"

_____________

ဘုန်းထက်သူ့အခန်းထဲ၌ လေးလံညစ်ညူးခြင်းမရှိပဲနိုးထလာသည်
ကြည့်ရတာရမ်ကသူ့ကိုအိမ်ပြန်ခေါ်လာပြီးသန့်ရှင်းပေးပုံပင်

Mr.LionWhere stories live. Discover now