Lion သူ့ရှေ့ကသွေးမတော်သားမစပ်အကိုကိုစူးစူးရဲရဲစိုက်ကြည့်လိုက်သည်
သူ့နည်းရမ်ကလည်းစူးစူးရဲရဲပြန်ကြည့်လိုက်သည်
ဒီနေရာကိုလာချင်လို့လာတာမဟုတ်...
မငြင်းနိုင်တဲ့သူ့ boss အမိန့်ကြောင့်သာရောက်လာတာကိုမတူသလိုမတန်သလိုလာလုပ်ပြနေတယ်..."ဘာကိစ္စနဲ့ရောက်လာတာလဲ"
"Boss ကလွှတ်လိုက်တာ"
"ဘာအတွက်လဲ ငါ့ကိုစောင့်ကြည့်ဖို့အတွက်လား"
ရမ်ဆိုတာဦးဘုန်းထက်ရဲ့လူယုံတင်မကမွေးစားသားဆိုလည်းဟုတ်သည်
ဒီလိုလူကထုသူကိုပေးတယ်ဆိုကတည်းကဖြစ်နိုင်ချေနှစ်ချက်တာရှိသည်
တစ်အချက် _ သူ့ကိုစိတ်ပူလို့
နှစ်အချက် _ သူ့ကိုစောင့်ကြည့်မလို့
ဦးဘုန်းထက်လိုလူကသူ့ကိုဘယ်တော့မှစိတ်ပူမဲ့သူမဟုတ်
ဒါကြောင့်အခုအခြေအနေနှင့်ဆိုနှစ်အချက်သာဖြစ်နိုင်ချေရှိသည်"မင်း Boss ကိုမကောင်းမြင်တာရပ်သင့်ပြီ"
Boss ကသူ့အပေါ်ကောင်းသလောက် Boss အပေါ်ဆိုအမြဲမကောင်မြင်နေတတ်သည့်ဒီကောင်ကို
ရမ်နည်းနည်းမှကြည့်မရပေ
Lion ကလည်းသူ့ရှေ့ကကောင်ကိုကြည့်မရပေ
သူ့အဖေဆိုတဲ့ဘိုးတော်ကပစားပေးလွန်းလို့..."ကိုကို ......"
နှစ်ယောက်သားအကြည့်ချင်းစစ်တိုက်နေတဲ့အခြေအနေကိုဖြိုခွဲလိုက်တာက
အနီရောင် sexy dress ကိုဝတ်ဆင်ထားတဲ့မိန်းကလေး...
သူမကိုမြင်တော့ Lion မျက်နှာကွက်ကနဲပျက်သွားသည်
တစ်ချိန်ကသူသိပ်ချစ်ခဲ့ဖူးတဲ့သူမ....
ငွေအတွက်မိမိကိုရက်ရက်စက်စက်သစ္စာဖောက်သွားတဲ့သူမ..."ကိုကိုရယ် အိန်ဂျယ်ကသိပ်သတိရနေတာ"
ဆတ်ကော့လက်ကော့နဲ့ပေါင်ပေါ်တက်ထိုင်ဖို့လုပ်တဲ့အိန်ဂျယ်ကို Lion တွန်းဖယ်လိုက်သည်
အရင်တစ်ချိန်ကချစ်ခဲ့ဖူးပေမဲ့အခုတော့သူမနဲ့ပက်သက်ရင်ရွံရှာခြင်းတွေသာရှိတော့သည်"ကိုကိုကလည်းကွာ အိန်ဂျယ်ကိုဘာလို့တွန်းဖယ်နေရတာလဲ"
အိန်ဂျယ် ချွဲချွဲနွဲ့နွဲ့စကားဆိုကာ ကိုကို့ပါးကိုနမ်းလိုက်သည်
ထိုမြင်ကွင်းအားဆေးရုံမှပြန်လာသည့် နောင်ရိုးဟာမြင်ဖြစ်အောင်ဖြစ်လိုက်သည်
ဦးလေးဖြစ်သူကြောင့်ခံစားနေရတဲ့တဲ့နာကျင်မှုဟာအခုချိန်မှာတော့ပိုဆိုးလာကာ
မကျေမနပ်ဖြင့်လက်သီးခပ်တင်းတင်းဆုပ်လိုက်မိသည်
YOU ARE READING
Mr.Lion
Romanceလူတွေကကိုမုန်းတဲ့အရာတွေကိုသာရရှိပိုင်ဆိုင်တတ်ကြသတဲ့ အလောင်းကစားအလုပ်ကိုရွံ့ရှာမုန်းတီးတဲ့ ဆရာဝန်လေးနောင်ရိုးတစ်ယောက် အလောင်းကစားဝိုင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့မာဖီးယားတစ်ယောက်နဲ့အကြောင်းပါလေသောအခါ...