《8》

2.6K 82 5
                                    

အခန်းထဲရောက်တာနဲ့ပုခုံးနှစ်ဖက်အားဆုပ်ကိုင်ကာ
အ​တင်းနမ်းရှိုက်လာတာကြောင့်နောင်ရိုးအတင်းရုန်းထွက်လိုက်သည်
ကြောက်စိတ်ကလေးကလည်းပြယ်နေပြီဖြစ်တာကြောင့်
ပုန်ကန်တတ်တဲ့စိတ်ကလေးကလည်းခေါင်းထောင်လာပြီဖြစ်သည်

"ငါ့ကိုလွှတ်! "

"ဘေဘီစောနကတင်မင်းကိုယ်မင်းကိုယ့်အပိုင်ဆို
အခုတစ်မျိုးပြောင်းသွားပြန်တာလား..."

Lion သူ့ကိုခပ်စူးစူးကြည့်နေတဲ့ပိုးဟပ်ဖြူလေးရဲ့မျက်ဝန်းတွေကိုဖိကပ်နမ်းလိုက်သည်

"ငါ့ကိုမထိနဲ့ ! မင်းကိုမုန်းလွန်းလို့"

"ဘေဘီ ! ကိုယ့်စိတ်ကိုမဆွနဲ့နော်"

"ဆွတော့ဘာဖြစ်လဲ! ဆွတော့ဘာဖြစ်လဲ!!"

"အေး! ဆွတော့ဒီလိုဖြစ်တယ်"

Lion  နောင်ရိုးကိုလက်တစ်ဖက်နဲ့ ဆွဲယူပြီး
အတင်းဖိကပ်နမ်းရှိုက်လိုက်သည်
အစက သူချိုချိုသာသာပဲဆက်ဆံတော့မယ်ဟုတွေးထားသည့်
အတွေးတွေဟာလည်း အခုတော့ကြက်ပျောင်ငှက်ပျောက်......

"အွန့်! ဖယ် မလုပ်နဲ့"

"ပြွတ်! "

" ဖယ်! မနမ်းနဲ့"

"တောက်! ဘေဘီ"

အတင်းရုန်းကန်နေတာကြောင့် Lion ပုခုံးနှစ်ဖက်ကနေဆုပ်ကိုင်ပြီး
ခပ်ကြမ်းလွှဲခါလိုက်တော့မှသကောင့်သားကမျက်နှာငယ်လေးဖြစ်သွားသည်
ဘေဘီ မင်းကတော့ကွာ ငါ့စိတ်ကိုအမျိုးမျိုးဆွနေတယ်

"ငါ့ကိုလွှတ်ပေးပါ ငါအိမ်ပြန်ချင်တယ် အဟင့်!"

အအော်ခံလိုက်ရတာကြောင့် နောင်ရိုး၏တင်းမာဟန်အပေါ်ယံမျက်နှာဖုံးကကွာကျသွားပြီး
မျက်ရည်တို့ကျဆင်းလာသည်
သူမုန်းသည် ဒီအရိုင်းအစိုင်းကောင်ကိုသူအရမ်းမုန်းသည်
သူမနှစ်မြို့တဲ့အရာတွေကိုပဲသူ့အပေါ်ထပ်ကာကာကျူးလွန်နေတယ်

ပိုးဟပ်ဖြူလေးရဲ့မျက်ရည်တွေမြင်လိုက်ရတော့ Lion စိတ်ပျော့သွားပြီး
ရင်ခွင်ထဲဆွဲထည့်ကာပွေ့ဖက်ချော့မြှူလိုက်သည်

"မငိုနဲ့!..."

"ငါ့မျက်လုံးနဲ့ငါငိုတာတောင်မင်းကလိုက်ကန့်သတ်ချင်သေးတာဟမ်! အရိုင်းအစိုင်းရဲ့"

Mr.LionWhere stories live. Discover now