《20》

2K 65 4
                                    


နောင်ရိုးမိမိအရိုက်ခံရတော့မည်အထင်နှင့် မျက်လုံးစုံမှိတ်ကာ
လက်နှစ်ဖက်ဖြင့်မျက်နှာကိုကွယ်ထားလိုက်သည်
ထိုအပြုအမူလေးက Lion ရဲ့နှလုံးသားကိုလာရောက်ထိမှန်တာကြောင့်
Lion ရဲ့လက်တွေဟာလေထဲမှာပင်ရပ်တန့်သွားသည်
သူနာကျင်အောင်မလုပ်ရက်​ဘူး
ရက်စက်မှုဖြင့်ကျော်ကြားတဲ့ Lion ဟာချစ်ရသူအပေါ်တော့လက်ဖျားလေးနှင့်တောင်
နာကျင်အောင်မလုပ်ရက်ဘူး

"ဟာကွာ! တောက် "

ခလွမ်း!

Lion စိတ်ထွက်ပေါက်အဖြစ်အနီးအနားကပန်းအိုးကိုရိုက်ခွဲလိုက်သည်
နောင်ရိုးမျှော်နေသည့်နာကျင်မှုအစား ပစ္စည်းတွေပျက်ဆီးသံကိုကြားရတာကြောင့်
မျက်လုံးတွေကိုခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်ချိန်ပစ္စည်းတွေကိုစိတ်ရှိလက်ရှိဖျက်ဆီးနေသည့်
Lion ကိုမြင်လိုက်ရသည်

သူကြည့်နေတုန်းမှာပဲ Lion ဟာ စိတ်မထိန်းနိုင်တော့ဟန်ဖြင့်
နံရံကိုပြေးထိုးတော့သည်
ထိုးတဲ့အချက်ရေများလာတာနှင့်အမျှ Lion လက်တွေနီရဲကွဲပြဲလာကာ
နံရံ၌ပင်သွေးများစွန်းထင်းလာတော့သည်

"တော်လိုက်တော့ Lion!"

နောင်းရိုးဆက်မကြည့်နိုင်ပဲ ဟန့်တားလိုက်ချိန်
Lion ကသူ့အားတစ်ချက်သာငဲ့ကြည့်ပြီးဆက်ထိုးပြန်သည်

"Lion တော်လိုက်တော့!"

Lion ဟာဆက်ထိုးမြဲထိုးဆဲ
နောက်ဆုံးတော့နောင်ရိုး နံရံနှင့် Lion လက်သီးကြားသူ့လက်ဖဝါးကိုထိုးခံလိုက်တော့သည်

"အာ့! "

ပြင်းထန်တဲ့နာကျင်မှုကြောင့်နောင်ရိုးရှုံ့မဲ့သွားတော့သည်
Lion ဟာလည်းချစ်ရသူကိုနာကျင်အောင်လုပ်မိပြီဟူသောအသိဖြင့် ပျာယာခတ်သွားတော့သည်

"ဘေဘီ! မင်းကရူးနေတာလား
ဘာကြောင့်လက်ထိုးခံလိုက်ရတာလဲ!"

နီရဲသွားသည့်သူ့လက်ကိုကိုင်ကာဆောက်တည်ရာမရဖြစ်နေသည့် Lion ကြောင့်
နောင်ရိုးခပ်ယေးယေးပြုံးပြီး
"မင်းကိုယ်မင်းနာကျင်အောင်လုပ်နေတာဆက်မကြည့်နေနိုင်တော့လို့လေ" ဟုပြန်ဖြေလိုက်သည်

Mr.LionWhere stories live. Discover now