Ep 2 🍀

12 4 5
                                    

Unicode

အိမ်ကလေး၏အပြင်အဆင်သည် သပ်ရပ်ကာနေချင်စဖွယ်လေးဖြစ်သော်လည်း အိမ်ရဲ့အရောင်အဝါသည်မတောက်ပြောင်ဘူးဟုထင်မိသည်။ ဇေယံတို့သားအမိသည်ဧည့်ခန်းထဲတွင်ထိုင်နေကာ ဧည့်ခန်းနံရံပေါ်ရှိဓာတ်ပုံများကိုကြည့်နေကြသည်။

"စောင့်စေမိပြီထင်တယ် အအေးလေးသုံးဆောင်ကြပါအုံး"

"မေမေက အအေးနဲ့မတည့်တာမို့ ဧည့်ခံပေးမှုကိုကျေးဇူးတင်ပါတယ်ဗျ"

ချက်ချင်းငြင်းလိုက်သော သားဖြစ်သူကြောင့် မေယဥ်အားနာသွားရသည်။ မကေခိုင်ကတော့ စိတ်ကသိကအောက်လေးဖြစ်သွားပေမဲ့ မျက်နှာကိုပြုံးထားကာ ထပ်ပြောလိုက်မိသည်က…

"အားနာလိုက်တာရှင် သမီးရေကော်ဖီဖျော်ပေးပါအုံး"

"မေမေကကော်ဖီနဲ့လဲ...."

"သား"

မေယဥ်ဝင်ဟန့်လိုက်မှ သားကြီးသည်ငြိမ်သွားပါသည်။ တကယ်ဆိုးတဲ့သားကြီး။

အိမ်နောက်ဖေးမီးဖိုချောင်တွင်တော့…

"သက်ဦး ကော်ဖီဖျော်"

"မမကိုခိုင်းတာလေ မမဖျော်ပေါ့"

"သက်ဦး ငါစိတ်မတိုချင်ဘူးနော် လုပ်ဆိုလုပ်လိုက်"

"မလုပ်နိုင်ပါဘူး"

"သက်ဦးဟန်သာ!"

"ဒီကလေးတွေဘာဖြစ်နေကြတာလဲ"

"ဖေဖေ"

သက်ဦးသည် မီးဖိုထဲဝင်ရောက်လာသည့် ဦးလေးဖြစ်သူကိုမကြည့်ချင်၍မျက်နှာလွှဲထားလိုက်သည်။ ဒီမျိုးရိုးသည်ကောင်းကျိုးပေးတဲ့မျိုးရိုးမဟုတ်။

"မောင်လေးကိုခိုင်းနေပြန်ပြီလား"

"ဖေဖေကလဲသူလုပ်ရမဲ့အလုပ်ကိုပဲခိုင်းတာပါ"

"ဆင်ခြေတွေမကြားချင်ဘူး၊ သက်ဦး ဦးနဲ့လိုက်ခဲ့"

"ဟင့်အင်း သားအလုပ်လုပ်ရအုံးမှာ"

"ဦးစိတ်မတိုချင်ဘူးနော် လိုက်ခဲ့ဆိုလိုက်ခဲ့"

"မမ ကော်ဖီကို သားပဲဖျော်လိုက်တော့မယ်"

ချက်ချင်းအချိုးပြောင်းသွားသောသက်ဦးကြောင့် ကေစိုးသည်မျက်နှာကိုဟန်ပါပါမော့ကာ ဖခင်ဖြစ်သူကိုကြည့်လိုက်သည်။ သူ့စကားပိုနားထောင်တယ်ဆိုတာ ဖေဖေသိသွားတာပေါ့။

လှိုင်းသက်ရာဆင်းWhere stories live. Discover now