Ep 9 🍀

11 3 0
                                    

Unicode

ဇေယံတစ်ယောက် ညီနှစ်ယောက်ကိုကျောင်းလိုက်ပို့ပြီး သူကိုယ်တိုင်လဲကျောင်းသို့သွားရသည်။ ကားထဲတွင် မှူးကေစိုးလဲပါလာသည်။ ဒုတိယနှစ်တက်နေသည့်ဇေယံက အငယ်တွေကိုစောင့်ရှောက်ဖို့အကြောင်းဖန်လာသည်​မို့ အငယ်တွေရဲ့တာဝန်ကဇေယံအပေါ်ကျရောက်လာသည်။

မှူးကေစိုးသည် သက်ဦးလေးနဲ့လိုက်ခဲ့ကာ ရန်ကုန်တွင်ကျောင်းဆက်တက်သည်။ မေဂျာကိုလဲဇေယံနှင့်တူသည့်မေဂျာကိုသာယူထားသည်မို့ သွားရမည့်လမ်းကြောင်းတူကာ အမြဲလိုလိုဇေယံကားနှင့်ပါလာတတ်တော့သည်။

"ကိုဇေ"

"အင်း ညီမ ဘာဖြစ်လို့လဲ"

"ဟိုလေ ညနေကျရင် မှူးကိုအင်းလျားလိုက်ပို့ပါလားဟင်"

"အာ ကလေးတွေကြိုရအုံးမှာမို့ ကျွန်တော်မအားဘူး၊ တက္ကစီနဲ့ပဲသွားလိုက်ပါလား"

"ညီမကရန်ကုန်နဲ့နည်းနည်းစိမ်းနေလို့ပါ ကိုဇေ၊ ကူညီပါလားဟင်"

"ဒါဆို အင်းလျားနားမှာနေတဲ့ကျွန်တော့်သူငယ်ချင်းတွေနဲ့ချိတ်ပေးပါ့မယ်၊ မိန်းကလေးအချင်းချင်းဆိုတော့အဆင်ပြေမှာပါ"

မှူးကေစိုးသည်စကားသံထွက်မလာတော့ပေ။ ကေစိုးသည် လူတကာလည်ပြန်ငေးရတဲ့အလှကိုပိုင်ဆိုင်ထားပေမဲ့ ကိုဇေကတော့သူ့ရှေ့တည့်တည့်မှာရပ်နေရင်တောင် ခေါင်းငုံ့ထားမယ့်သူမျိုး။ ကိုဇေကကားကိုကန်တင်းထိဆက်မောင်းသွားတော့ မှူးကေစိုးလဲအလိုက်သင့်ပဲလိုက်လာခဲ့လိုက်တော့သည်။

"လိုက်ခဲ့နော်ညီမ ကျွန်တော်မိတ်ဆက်ပေးပါ့မယ်"

"ဟုတ် ကိုဇေ"

မှူးကေစိုးသည် တစ်ခါမှခြေဦးမလှည့်ဖြစ်ခဲ့သည့် ကျောင်းကန်တင်းသို့ရောက်လာရသည်။ ကန်တင်းတွင်လူများနေပုံကတကယ်စိတ်ပျက်စရာ။ ကိုဇေကိုဝိုင်းတစ်ခုဆီမှလက်ပြနေတာလဲမြင်ရ၏။ ထိုဝိုင်းတွင်မိန်းကလေးတစ်ယောက်ယောက်ျားလေးတစ်ယောက်ရှိနေသည်။ ကိုဇေ ထိုဝိုင်းကိုလျှောက်သွားလေတော့ ကေစိုးလဲနောက်ကသာငြိမ်ငြိမ်လိုက်ရတော့သည်။

ထိုစားပွဲဝိုင်းရှိမိန်းကလေးသည်အသားရောင်ခါးတိုအင်္ကျီကို နီညိုရောင်ထဘီအကွက်လေးဖြင့်တွဲဝတ်ထားသည်။ နက်မှောင်နေသောဆံနွယ်ရှည်များကိုရှေ့ပို့ထားသည်က သူ(မ)ရဲ့အလှကိုယဥ်စေသည်။ သူ(မ)သည် သွက်လက်သည့်ပုံစံနှင့်ဖြစ်ကာ ပြုံးကြည်နေသောမျက်နှာလေးကြောင့်ချစ်စရာကောင်းလှသည်။

လှိုင်းသက်ရာဆင်းWhere stories live. Discover now