Ep 14🍀

32 5 1
                                    

Unicode

မေမေကဘုရားသွားချင်သည်ဟုဆိုသောကြောင့် ဇေယံတို့ညီအစ်ကိုသုံးယောက်ပါဘုရားလိုက်ခဲ့ကြသည်။ သက်ဦးလေးရဲ့အစ်မမှူးကေစိုးလဲလိုက်ချင်သည်ဟုဆိုလာသောကြောင့် သူ(မ)ကိုပါခေါ်ခဲ့ကြသည်။ ရန်ကုန်တွင်ဘုရားဖူးအများဆုံးလာရောက်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် အမြဲကြည်ညိုစရာကောင်းလှပေသည်။ ​ကျက်သရေရှိလှသည့်မေမေ့ရဲ့ပုံသဏ္ဍာန်သည် ကြည်ညိုစရာကောင်းသည့်ဘုရားနောက်ခံဖြင့် ကျက်သရေရှိပြီးရင်းရှိနေတော့သည်။ သားတွေနဲ့ဘုရားဖူးရ၍ထင်သည် မေမေ့ရဲ့မျက်နှာထက်အပြုံးတွေဝေနေကာ ချစ်စရာကောင်းလှသည့်သွားတက်ကလေးသည်လည်းမေမေ့နှုတ်ခမ်းသားထက်ချိတ်ဆွဲလေသည်။

ဇေယျာကတော့ စောင်းတန်းတစ်လျှောက်ရှိအမှတ်တရပစ္စည်းမျိုးစုံတို့ကိုမျက်စိကျနေသူလေးနားတွင်ရှိနေသည်။ မေမေတို့သုံးယောက်ကရှေ့ကသွားနှင့်သည်မို့ နောက်တွင်ကောင်လေးနဲ့ဇေယျာသာကျန်နေခဲ့သည်။ မျက်ဝန်းကြည်ကြည်လေးတွေပျောက်တဲ့အထိရယ်မောနေတဲ့ကောင်လေးက သိပ်လှတဲ့ညနေဆည်းဆာပန်းချီကားလေးတစ်ခုနှယ်။

"ကိုလေး ကိုလေး"

"အင်း"

"ဘာ အင်းလဲ ဗျာလို့ထူး"

ဒီကောင်လေးက အခုနောက်ပိုင်းသိပ်ရစ်တတ်လာပါသည်။ ချစ်ခြင်းမခံခဲ့ရတဲ့ကောင်လေးက သူ့ကိုဂရုစိုက်ပေးကြသည့်မိသားစုရဲ့အရိပ်အာဝါသအောက် ကလေးဆန်တတ်သည့်အမူအရာလေးများပေါ်လွင်လာတော့သည်။

"ကိုယ်ကခင်ဗျားလေးထက်အကြီးနော်"

"သိတယ်လေ ဒါပေမဲ့ကျွန်တော်ကအငယ်လေ အဲ့တော့ကျွန်တော့်ကိုအလိုလိုက်ရမှာပေါ့"

"ဟ…အငယ်ဆိုတိုင်း အဲ့လိုလုပ်လို့ရမလားကွ"

"ရတယ်လေ"

"ပြောပါအုံး ခုနကဘာလုပ်ဖို့ခေါ်တာလဲ"
ဇေယျာပြိုင်မငြင်းတော့ဘဲ စကားလမ်းကြောင်းလွဲလိုက်တော့သည်။

"ဟိုမှာ ရွှေတိဂုံရောက်အမှတ်တရဆိုတဲ့အင်္ကျီအသားရောင်လေး အဲ့တာလိုချင်လို့"

"ဘာလို့ဝယ်နေမှာလဲ ဒီကိုအမြဲရောက်နေမှာကို"

"ကိုလေးကလဲ ကျွန်တော်ကလိုချင်တာကို"

လှိုင်းသက်ရာဆင်းWhere stories live. Discover now