Ep 3 🍀

35 5 2
                                    

Unicode

"ဒါဘယ်လိုဖြစ်ရတာလဲ မကေခိုင်"

"ကျွန်မတောင်းပန်ပါတယ်ရှင်၊ သားကသူ့ညီလေးကိုအမြဲဒီလိုစ,နေကြမို့ပါ"

"စတာနေကြဆိုတာ ဘာကိုပြောချင်တာလဲ၊ ဒီကလေးကအမြဲဒီလိုခံနေရတာပေါ့ အဲ့လိုလား"

"အဲ့လိုလဲမဟုတ်ရပါဘူးရှင်"

မကေခိုင်ကမျက်ရည်လေးတစမ်းစမ်းဖြစ်လာတော့ သားကိုထိန်းကာ ယဥ်ကိုယ်တိုင်လဲစိတ်ထိန်းလိုက်ရသည်။ နုနုနယ်နယ်ကလေးလေးကိုစိတ်ဒဏ်ရာတွေပေးနေကြတာ။ ကလေးငယ်ကိုတော့ ယဥ်ကိုယ်တိုင်ဆွဲထား၍ဘယ်သူမှမခေါ်ရဲကြပေ။

ရှေ့နေကြီးသည် မကေခိုင်ရှေ့စာချုပ်တစ်ခုထိုးပေးလိုက်ရာ မကေခိုင်ယူဖတ်ကြည့်လိုက်သည်။

"ဒါက မအတာနွယ်ရဲ့ မမေယဥ်ဆီသူ့သားလေးကိုမွေးစားသားအဖြစ်အပ်နှံခဲ့တဲ့စာချုပ်ပါ"

"ရှင် မမေယဥ် ဒါကဘယ်လို"

"ဟုတ်ပါတယ် ရှေ့နေကြီးပြောတာအမှန်ပါ၊ သားငယ်လေးကို ကျွန်မဆီအမွေစားအမွေခံအဖြစ်စာချုပ်နဲ့လွှဲထားပြီးသားပါ"

"မဖြစ်နိုင်တာ ညီမလေးအတာကဒီလိုမလုပ်ထားလောက်ပါဘူး"

"အတာဆိုတာ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းပါ၊ အတာနဲ့ကျွန်မရဲ့ဆက်ဆံရေးကိုလဲ မကေခိုင်အသိဆုံးပါ၊ ဒီစာချုပ်ကိုလဲရှေ့နေကြီးဆီမှာနှစ်ဦးသဘောတူချုပ်ဆိုခဲ့တာပါ၊ မကေခိုင်အနေနဲ့မယုံကြည်ဘူးဆိုရင်တောင် စာချုပ်ကလက်မှတ်တွေရက်စွဲတွေကိုကြည့်ရုံနဲ့သိနိုင်ပါတယ်၊ ကလေးကိုကျွန်မနဲ့ထည့်ပေးလိုက်ရင် ကလေးကိုစောင့်ရှောက်ထားတဲ့ ၈ နှစ်တာကာလအတွက်ထိုက်သင့်တဲ့ငွေကြေးပေးခဲ့မှာပါ၊ ဒါဟာကလေးကိုကျောင်းထားပေးခဲ့တဲ့အတွက်ကျေးဇူးတင်လက်ဆောင်အဖြစ် ပေးတဲ့သဘောပါ"

"နေပါအုံး မမေယဥ်၊ သားလေးကလိုက်ချင်တယ်ပြောလို့လား"

"သားငယ်လေးက ဒီမှာနေခဲ့ချင်သလား၊ အန်တီနဲ့လိုက်ချင်သလား"

သက်ဦးကိုရည်ရွယ်ပြီးမေးလိုက်သည့်အမေးတွင် အန်တီနဲ့လိုက်သွားဖို့သာမဆိုင်းမတွခေါင်းညိတ်မိသည်။ ဒီအိမ်မှာဆက်နေရတာအရှင်လတ်လတ်ငရဲကျနေတာနဲ့ဘာထူးတော့မလဲ။

လှိုင်းသက်ရာဆင်းWhere stories live. Discover now