Ep 5 🍀

55 6 1
                                    

Unicode

ဇေယျာ အိမ်ပြန်ရောက်တော့ခြံထဲတွင်လူရှုပ်လို့နေသည်။ ခြံဝင်းထဲရှိခရေပင်ကြီးအောက်တွင် စားပွဲဝိုင်းများခင်းနေသည်က အစီအရီ။ ဘာလဲအိမ်မှာပွဲရှိနေလို့လား။ သိလိုစောဖြင့် ညဘက်စာကျက်ရင်းစားရန် ဝယ်လာတဲ့မုန့်တွေကိုလက်မှသိမ်းယူကာ ကားလေးထဲမှထွက်လိုက်တော့သည်။

"အစ်ကိုငယ် အိမ်ထဲမှာ မမကြီးစောင့်နေပါတယ်"

"ကိုကြီးရော..."

"အစ်ကိုလေးက အပြင်ခနဆိုပြီးထွက်သွားပါတယ်"

*ဇေယျာနှာမှုတ်လိုက်သည်။ အပြင်ပဲခနခနထွက်နေကြတယ်။ သူ့လဲမခေါ်ကြဘူး။

သူငယ်ချင်းတွေနဲ့နေခဲ့တဲ့ပုံစံချင်းကွဲလွဲစွာ စူထွက်လာသည့်အောက်နှုတ်ခမ်းလေးသည် ကလေးငယ်တစ်ယောက်လိုတာမရလို့စိတ်တိုင်းမကျနေဟန်။

စူပုတ်ပုတ် မျက်နှာထားဖြင့်သာအိမ်ထဲဝင်သွားရင်း ဧည့်ခန်းအဖြတ်တွင်မြင်လိုက်ရသည့်အဖြူလုံးလေး။ စူးစမ်းလိုစိတ်နဲ့နောက်ပြန်လှည့်လို့ကြည့်မိတော့ အဖြူနဲ့အပြာစင်းရှပ်အင်္ကျီလေးကို ပုဆိုးနီညိုကွက်စိပ်လေးနဲ့တွဲဝတ်ထားသည့် အသားအရေဖြူစွတ်နေသည့်ကောင်လေးတစ်ယောက်။ ဆက်တီခုံပေါ်ခါးမတ်တင်ပျဥ်ခွေထိုင်ကာ အာလူးကြော်ထုပ်လေးကိုတမြုံ့မြုံ့ဝါးနေသည့်အနှီကောင်လေးရဲ့ပါးမို့တွေကမြင့်တက်လို့နေသည်။ ဇေယျာစူးစမ်းနေတာကိုမြင်လေတော့ တွန့်ချိုးကုန်သည့်မျက်ခုံးစိမ်းဖန့်ဖန့်လေးတွေ။ ဘာလဲကလေးပေါက်စကသူ့ကိုမုန့်လုစားမဲ့သူလို့ထင်နေတာလား။

"အဟမ်း မင်းကဘယ်သူလဲ"

ဇေယျာမေးသော်လည်း ကောင်လေးက အကြည့်စူးစူးတွေဖြင့်သာကြည့်နေသည်။

"ကိုယ်ကမုန့်လုမစားပါဘူး"

"......."

"ဘယ်ကလာတာလဲ"

"......."

"မိဘတွေရောဘယ်မှာလဲ"

"......."

"ကိုယ့်ကိုကြောက်နေတာလား ကိုယ်ကဘာမှမလုပ်ပါဘူး"

ဘာမှလဲပြန်မဖြေဘာမှလဲပြန်မပြောတဲ့ကောင်လေးကစကားရောပြောတတ်ရဲ့လား။ ဇေယျာကသာမေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ကောင်ငယ်လေးရှိတဲ့ဆက်တီခုံနားတိုးကပ်သွားမိတာ ထိုကောင်လေးကတော့တုတ်တုတ်မျှပင်မလှုပ်။

လှိုင်းသက်ရာဆင်းWhere stories live. Discover now