Ep 1 🍀

40 5 5
                                    

Unicode

မိုးမိသားစု၏စံအိမ်ကြီးတွင်ဖြစ်သည်။ စံအိမ်ဝင်းထဲတွင် နှင်းဆီပန်းပင်ကလေးများဖူးပွင့်ဝေဆာလျက်ရှိပြီး စံအိမ်လက်အောက်မှအိမ်ထိန်းအိမ်အကူများသည်လည်း အပြုံးပန်းများဝေဆာလို့နေသည်။ စံအိမ်အတွင်းတွင်တော့ ကြီးမားသည့်ဧည့်ခန်းအကျယ်ကြီးရှိသည့်အပြင် စံအိမ်ကြီးကိုလည်းကျွန်းသစ်များဖြင့်တည်ဆောက်လို့ထားသည်။ လှေကားလက်ရန်းရှိကနုတ်ပန်းများဟာလည်းအသေးစိတ်ကျလှပလို့နေသည်။ နံရံပေါ်ရှိပန်းချီကားချပ်များကလည်း အသက်ဝင်လို့နေသည်။ ထိုအထဲတွင် မိသားစုလေးယောက်စုရိုက်ထားသောရွှေဘောင်ကွပ်ထားသည့် ဓာတ်ပုံလေးသည်အသက်အဝင်ဆုံးဖြစ်ကာ မြင်သူတိုင်းကိုကြည်နူးစေ၏။

စံအိမ်ကြီး၏အရှင်သခင်ဖြစ်သော ဒေါ်မေယဥ်ယဥ်လင်းကတော့ အိမ်ပေါ်ထပ်မှသားငယ်အခန်းရှေ့တွင်တဝဲလည်လည်လုပ်လို့နေသည်။ နှိုးနေတာကြာပြီကိုခုထိမထသေးတဲ့ကောင်စုတ်လေးဟုဆိုကာ သားငယ်အခန်းထဲဝင်သွားလိုက်တော့သည်။

"မိုးဇေယျာထက် မေမေနိုးနေတာကြာပြီကိုခုထိမထသေးဘူးလား"

"ဟာ မေမေကလည်းဒီနေ့ကျောင်းပိတ်တယ်လေ"

"​​အင်းလေ ကျောင်းပိတ်လို့မေမေ့နောက်လိုက်ခဲ့ပေးဖို့ခေါ်တာလေ"

"ကိုကြီးကိုခေါ်သွားဗျာ သားအိပ်ချင်သေးတယ်"

၁၀ တန်းကျောင်းသားလေး မိုးဇေယျာထက်သည်စာအုပ်ပုံကြားအမြဲခေါင်းညပ်နေသည်မို့ အနားယူရတဲ့နေ့တွင်အနားယူချင်သည်ထင်ပါရဲ့။ ဒေါ်မေယဥ်လဲဆက်နှိုးမနေတော့ဘဲသားငယ်ကိုစောင်သေချာပြန်ခြုံပေးခဲ့ကာ အခန်းပြင်ထွက်သွားတော့သည်။ အခန်းပြင်ရောက်တော့သားကြီးနှင့်တွေ့တော့သည်။

"မေမေ ဘယ်သွားဖို့လဲ"

ဒေါ်မေယဥ်၏ဝတ်စားဆင်ယင်ပုံကိုကြည့်ကာမေးလိုက်ခြင်းဖြစ်သည်။ ဒေါ်မေယဥ်ကနာမည်နဲ့လိုက်အောင် ယဥ်ပြီးလှတဲ့အထဲပါသည်။ ပြုံးရယ်လိုက်ရင်လည်းသွားတက်ကလေးပါသည်မို့ မေယဥ့်အလှကသားနှစ်ယောက်ရနေပေမဲ့ နုပျိုနေဆဲပင်။ မေယဥ်သည် ရင်ဖုံးအင်္ကျီချိတ်ထဘီအဝါနုလေး ဝတ်ထားကာဆံထုံးကိုလဲလျော့လျော့လေးထုံးထားသည်။ သွယ်လျလျခန္ဓာကြောင့် မေယဥ့်ကိုကလေးအမေလို့ပြောရင်ယုံကြမည်မထင်။

လှိုင်းသက်ရာဆင်းWhere stories live. Discover now