Unicode
ရန်ကုန်တက္ကသိုလ်ဝင်းထဲစိုက်ရောက်လာသည့် ကားတန်းဖြူသုံးစီး။ အလယ်တစ်စီးတွင်တော့ တည်ငြိမ်လှသောအလှပိုင်ရှင်လေးစီးနှင်းလိုက်ပါလာသည်။ အလှပိုင်ရှင်လေးနှင့်အတူအိုမင်းပေမဲ့အရွယ်မကျသေးတဲ့အမျိုးသမီးကြီးတစ်ဦးလိုက်ပါလာသည်။
"သမီး အမေပြောတာတွေမှတ်ထားရဲ့လား"
"ဟုတ်အမေ သမီးမှတ်ထားပါတယ်"
"ပညာရေးကိုဆုံးခန်းတိုင်အောင်သင် သမီးပညာစုံရင်အမေက မောင်ဘုန်းဆက်မင်းလေးနဲ့စီစဥ်ပေးမယ်၊ ကြားလား"
"ဟုတ်"
သက်ထားသည်မိခင်ဖြစ်သူကိုလွန်ဆန်၍မရပါ။ မိခင်ချယ်လှယ်သမျှခံစားရသည်သာ။ သက်ထား၏လွတ်လပ်ခွင့်များသည် သူငယ်ချင်းများဖြင့်နေထိုင်မှဖြစ်ပေါ်လာရသည်မို့ သူငယ်ချင်းများကိုပို၍ခင်တွယ်မိသည်။
"သွားတော့လေ သမီး၊ အမေညနေမှပြန်လာကြိုမယ်"
"သမီးဘာသာပြန်လာခဲ့ပါ့မယ်အမေရယ်၊ အမေအလုပ်များပါလိမ့်မယ်"
"အမေကဟောဒီသမီးလေးကို အလုပ်နဲ့တန်းတူထားစရာလားကွဲ့၊ ညနေအမေလာခဲ့မယ်"
"ဟုတ်"
သက်ထားပြုံးပြလိုက်ကာ ကားပေါ်မှဆင်းလိုက်သည်။ မိခင်ဖြစ်သူရဲ့ကားတန်းကြီးထွက်သွားသည်နှင့် သက်ထားမျက်ဝန်းတွေမှိုင်းညို့ကုန်သည်။ သက်ထားမှာကိုယ်ပိုင်လွတ်လပ်ခွင့်မရှိတော့ဘူးလား။
"ဟိတ် ကောင်မလေး"
"အယ် ကိုကို"
သက်ထား၏အစ်ကိုမင်းထက်ဒီယံသည် သက်ထားအားခေါ်လိုက်သည်မို့အတွေးစများပြတ်သွားရသည်။ တစ်အိမ်ထဲအတူနေကြပေမဲ့ သားနှင့်သမီးကိုခွဲခြားဆက်ဆံတဲ့မိခင်ကြောင့်မောင်နှမနှစ်ယောက်စကားပင်ကောင်းကောင်းမပြောဖူးကြပေ။
သက်ထားသည်ပြာနုရောင်ဝမ်းဆက်လေးကို တစ်ဖက်ကျစ်ဆံမြှီးလေးနှင့်ခန္ဓာပေါ်တွင်တွဲဖက်အလှဆင်ထားသည်။ သက်ထားအစ်ကိုကတော့ အသားရောင်ရှပ်အင်္ကျီလက်တိုကို နက်ပြာရောင်ပုဆိုးဖြင့်တွဲဖက်ဝတ်ဆင်ထားသည်။ မောင်နှမနှစ်ယောက်လုံးတစ်ယောက်တမျိုးချောလှနေတော့သည်။ သို့ပေမဲ့ လမ်းမှာတွေ့ရင်တောင်မေးထူးခေါ်ပြောမရှိကြသည်မို့ တချို့လူများကတော့အမျိုးမျိုးထင်ကြေးပေးတတ်ကြသည်သာ။
YOU ARE READING
လှိုင်းသက်ရာဆင်း
Romanceဗေဒါပမာ လမ်းတစ်လျှောက် လှိုင်းတွေကြမ်းလဲ အပြုံးတောက်... ဗေဒါပမာ လမ်းတစ်လျှောက် လှိုင်းတွေကြမ်းလဲ အပြုံးတောက်... 21.1.2024(Sun)