Ep 8 🍀

35 5 2
                                    

Unicode

"ဟိတ်ကောင်လေး မှတ်မိလားလို့မေးနေတာ"

"ဟမ် ဘာကိုလဲ"

"ကဲကြည့် ပြောပြန်ရင်လဲဇေယျာလွန်ရာကျအုံးမယ်၊ ခင်ဗျားလေးကစာဘက်တောင်အာရုံမရောက်ရအောင် ဘယ်ကောင်မလေးအကြောင်းတွေးနေလို့လဲ"

"တွေးစရာကောင်မလေးမရှိပါဘူးနော်"

"ရှိရင်တွေးမယ်ပေါ့"

ကိုလေးရဲ့မရိုးနိုင်တဲ့မူလီပတ်နည်းတွေကို သက်ဦးတစ်ယောက်သိနေပါလျက်နှင့်နှုတ်ကမထိန်းနိုင်စွာထွက်သွားတတ်လေသည်။ တကယ်ပါပဲ စာရှင်းပြမယ်ဆိုစာအကြောင်းပဲပြောပေါ့ ဘယ်ကကောင်မလေးတွေပါလာရတာလဲ။ ကိုလေးသည် သက်ဦးအခန်းထဲရောက်နေကာ လပတ်စာမေးပွဲအတွက်မှတ်စုတွေလာပေးရင်း သက်ဦးနားမလည်သည့်စာတွေရှင်းပြနေခြင်းဖြစ်သည်။ သက်ဦးနားမလည်တာတော့မဟုတ် ကိုလေးကဇွတ်အတင်းနားမလည်ခိုင်းခြင်းဖြစ်သည်။

"သေချာကြည့်နေခဲ့နော် ပြန်လာရင်မေးမှာ"ဟုဆိုကာ သက်ဦးအခန်းထဲရှိရေချိုးခန်းထဲဝင်သွားသောသူ။ သက်ဦးခေါင်းယမ်းကာပြုံးယောင်သန်းသွားရင်း ကိုလေးပေးထားတဲ့မှတ်စုတွေကိုသာကြည့်နေလိုက်သည်။

ထိုစဥ်တွင်အခန်းတံခါးနှစ်ချက်ခေါက်ကာဝင်လာသည့် မမကေစိုး။ မမကေစိုးကကော်ဖီတစ်ခွက်ယူခဲ့ကာ သက်ဦးရဲ့စာကြည့်စားပွဲပေါ်တင်လာပေးသည်။ ထို့နောက်တွင်သက်ဦးဘေးရှိ ကိုလေးထိုင်ခဲ့သည့်ခုံတွင်ထိုင်ကာ စကားပြောလာသည်။

"သက်ဦး"

"အင်း"

"လေသံတွေပြောင်းနေတာပဲ၊ ဘာလဲကိုယ့်ကိုကိုယ်ဒီမိသားစုရဲ့သားအရင်းလို့ပဲထင်နေတာလား"

"မမကေစိုး ဘယ်တုန်းက ကျွန်တော်အကြောင်းတွေစိတ်ဝင်စားသွားရတာလဲ"

"မေးကြည့်တာပါကွ၊ မမေးရဘူးလား"

"မေးဖို့မလိုအပ်လို့ပါ"

"ဘာပဲဖြစ်ဖြစ်မွေးစားသားကမွေးစားသားပဲမို့ ဒီမိသားစုကမလိုအပ်တော့ရင်တော့ မင်းရဲ့မိသားစုရှိတဲ့နေရာပဲပြန်ရမယ်ဆိုတာသဘောပေါက်"

လှိုင်းသက်ရာဆင်းWhere stories live. Discover now