Unicode
ပန်းပေါင်းစုံဝေဆာနေသည့်စံအိမ်ကြီးတစ်ခု။ ပန်းတွေနဲ့အပြိုင်အပြုံးတွေဝေနေကြတဲ့အိမ်အကူလို့ထင်ရသည့်မိန်းမပျိုလေးများနှင့် ဦးလေးကြီးများ။ သက်ဦးပါသည့်ကားလေးစံအိမ်ထဲဝင်လိုက်ပြီဆိုသည်နှင့် အားလုံးရဲ့အကြည့်ကသက်ဦးတို့ပါသည့်ကားပေါ်ဆိုက်ဆိုက်မြိုက်မြိုက်။ ပြေးလာသည့်ဦးလေးကြီးတစ်ယောက်က အန်တီမေယဥ်ရှိတဲ့ဘက်ကိုတံခါးဖွင့်ပေးကာ ဆီးကြိုပါသည်။ အန်တီမေယဥ်ကားပေါ်မှဆင်းလိုက်ပြီး သက်ဦးရှိရာကားနောက်ခန်းလေးဆီရောက်လာပြီးတံခါးပြန်ဖွင့်ပေးပါတယ်။
အိမ်ကြီးသခင်ရဲ့လုပ်ရပ်ကြောင့် ကားနောက်ခန်းမှာဒီအိမ်ရဲ့သမိုင်းမှာအရေးပါတဲ့နေရာပါဝင်သရုပ်ဆောင်တော့မဲ့ လူတစ်ယောက်ပါလာတာကိုသိလိုက်ကြတော့သည်။
"သားငယ်လေး ဆင်းလာတော့နော် ဒါကသားငယ်လေးနေရတော့မဲ့အိမ်ပဲ"
"သားကဒီမှာနေရမယ်"
"ဟုတ်တယ် ညီငယ်၊ ဒီနေ့ကစပြီးညီငယ်ကဒီအိမ်ကသခင်လေးပဲ"
ကားရှေ့ခန်းကနေလှည့်ပြောလာတဲ့အစ်ကိုကပြုံးချိုမြနေသည်။ ဒေါ်လေးတို့အိမ်မှာနေခဲ့တဲ့မျက်နှာထားနဲ့နည်းနည်းမှမသက်ဆိုင်တော့သလို။
သက်ဦးကားပေါ်မှဆင်းတော့ မကေစိုးကလည်းကားပေါ်မှလိုက်ဆင်းလာသည်။ အန်တီမေယဥ်ကဦးလေးကြီးဘက်လှည့်ကာ အမှာတမ်းခြွေသည်။
"ဦးငွေ ညကျရင်သားငယ်လေးနဲ့အားလုံးကိုမိတ်ဆက်ပေးဖို့ အိမ်ထဲမှာပါတီအသေးလေးလုပ်မှာမို့ စီစဥ်ပေးထားပါ၊ ပြီးတော့မဝင်းကိုလည်းပြောလိုက်ပါ ဧည့်သည်အတွက်အခန်းတစ်ခန်းစီစဥ်ပေးဖို့"
ဧည့်သည်အတွက်အခန်းတစ်ခန်းဆိုတဲ့စကားမှာ မှူးကေစိုးမျက်လုံးပြူးရသည်။ သက်ဦးနဲ့အတူနေရမယ်လို့ဆိုလိုတာလား။
"သားငယ်လေးက ဒေါ်ဒေါ်နဲ့လိုက်ခဲ့နော်၊ သားရဲ့အခန်းကိုသားကိုကိုတွေရဲ့အခန်းအလယ်မှာထားပေးထားတယ်"
ဒီစကားကြောင့်ဧည့်သည်ဆိုတာကေစိုးတစ်ယောက်ထဲကိုရည်ညွှန်းမှန်းသဘောပေါက်လိုက်တော့သည်။ အစ်ကိုဇေယံကိုမျက်စိဆွေကြည့်မိတော့ ကေစိုးတို့အိမ်မှာဖြစ်နေတဲ့မျက်နှာနဲ့မတူစွာပြုံးချိုမြနေသည်။
YOU ARE READING
လှိုင်းသက်ရာဆင်း
Любовные романыဗေဒါပမာ လမ်းတစ်လျှောက် လှိုင်းတွေကြမ်းလဲ အပြုံးတောက်... ဗေဒါပမာ လမ်းတစ်လျှောက် လှိုင်းတွေကြမ်းလဲ အပြုံးတောက်... 21.1.2024(Sun)