Ep 6 🍀

17 5 3
                                    

Unicode

ရက်၊ လတို့ပြောင်းကာ မိုးရာသီအစမှာတော့ ကျောင်းဖြူကျောင်းစိမ်းဝတ် ကျောင်းသားကျောင်းသူလေးတွေလှသွေးကြွယ်နေကြသည်။ အမျိုးမျိုးအဖုံဖုံ ခြယ်သထားတဲ့သနပ်ခါးရနံ့လေးတွေက ကလေးငယ်တို့ကိုအလှဆင်ထားလျက်။

ကျောင်းဝင်းထဲခြေချလိုက်သည်နှင့်ပထမဆုံးရလာတဲ့ခံစားချက်က ပျော်ရွှင်ခြင်းလား ဝမ်းနည်းခြင်းပေလားမခွဲခြားတတ်။ ပဲခူးနယ်ကကျောင်းလေးကိုထားခဲ့ကာ ခြေချမိသည်ကရန်ကုန်အထက်တန်းကျောင်းကလေး။ နေရာသစ်မှာ လူအသစ်တွေနဲ့တွေ့ရတော့ ကိုယ့်အားနည်းချက်ဟုထင်ခံရမည့်အရာများကို မျက်လုံးမှပါဖော်မပြနိုင်အောင်ချုပ်တီးလို့ထားလိုက်သည်။

"ကောင်လေး ခင်ဗျားလေးနေရမဲ့အဆောင်က ပိတောက်ဆောင်က A ခန်း"

သက်ဦးဘေးပါလာသည့် ကိုလေးကနေရမည့်အဆောင်နဲ့အခန်းကိုပြောလာသည်။ သက်ဦးစံအိမ်ကိုစရောက်သည့်နေ့တွင် အိမ်သားတွေအားလုံးနဲ့မိတ်ဆက်ပေးပြီး ဦးလေးဒေါ်ဒေါ်နဲ့ အစ်ကိုနှစ်ယောက်ကို ခေါ်ရမည့်နာမ်စားသတ်မှတ်ပေးသည်။ ဦးမိုးသက်မဏ္ဏိုင်ကိုတော့ ဖေဖေဟုခေါ်စေကာ ဒေါ်မေယဥ်ယဥ်လင်းကိုတော့ မေမေဟုခေါ်စေသည်။ နောက်ပြီး ကိုမိုးဇေယံသွန်းကို ကိုကြီးဟုခေါ်စေကာ ကိုမိုးဇေယျာထက်ကိုတော့ကိုလေးဟုခေါ်စေသည်။သက်ဦးကိုတော့တစ်အိမ်သားလုံးအပါအဝင် အိမ်အကူဒေါ်လေး ဦးကြီးတွေအားလုံးသားငယ်လေးဟုသာခေါ်​ကြသည်။ မမကေစိုးကတော့ သက်ဦးကိုမျက်လုံးများနှင့်သတိပေးနေတတ်မြဲ။

"ဟိတ် ကောင်လေး ခင်ဗျားလေးကြားလားလို့"

အားလုံးနဲ့ဆန့်ကျင်ကာကိုလေးခေါ်တဲ့နာမ်စားကတော့ 'ကောင်လေး'ဖြစ်သွားလိုက် 'ခင်ဗျားလေး'ဖြစ်သွားလိုက် တစ်ခါတစ်လေ 'ဘူးသခင်လေး'ဟုလည်းခေါ်တတ်သေးသည်။ စတွေ့တုန်းကသူစိမ်းလူမို့စကားကိုအကန်တွေချည်းပြောမိတာကို တေးမှတ်ထားပုံကသြချစရာ။

"ကြားတယ်"

"ကြားတယ်မလုပ်နဲ့ အဲ့အဆောင်ကဘယ်မှာလဲသိလို့လား"

"အဆောင်တစ်ခုစီမှာနာမည်တွေပါတာပဲ၊ ကျွန်တော်ဖတ်တတ်ပါတယ်"

လှိုင်းသက်ရာဆင်းWhere stories live. Discover now