Ep 7 🍀

14 6 4
                                    

Unicode

သက်ဦးရောက်လာသည့် ကျောင်းနောက်ဘက်တွင်လူခြေတိတ်ကာ ခြောက်ခြားစရာကောင်းလှသည်။ ကျောင်းရှေ့ဘက်တွင်လူစည်နေသလောက် ကျောင်းနောက်ဘက်တွင်လူခြေတိတ်နေတာအံ့သြစရာမဟုတ်ပါလား။

"ကောင်လေး ငါဒီမှာ"

သက်ဦးကိုလှမ်းခေါ်သူသည် ကုက္ကိုလ်ပင်ကြီးအောက်ရှိ ပင်စည်ကိုပတ်ထားသည့်ကွပ်ပျစ်အဝိုင်းလေးပေါ်တွင်ဖြစ်သည်။ ကိုလေးက ထမင်းချိုင့်များကိုထုတ်ကာဟင်းခွက်တွေကိုနေရာချထားသည်။ သက်ဦးထိုနေရာသို့လျှောက်သွားလိုက်ကာ ကိုလေးနဲ့မျက်နှာချင်းဆိုင်တွင်တင်ပျဥ်ခွေကာဝင်ထိုင်လိုက်သည်။

"ဒီနေရာကလူလာနည်းတယ်နော်"

"ဟုတ်တယ်"

"ဘာလို့လဲ"

"ရော့"

ကမ်းပေးလာတဲ့ထမင်းပန်းကန်ကိုယူလိုက်ရသည်။ ထမင်းပန်းကန်ထဲတွင်ပုစွန်ဟင်းများအကျအနနေရာယူလို့ထားသည်။ သက်ဦးသည်အစားရောက်လာပြီမို့စကားသံတိတ်ကာထမင်းခပ်စားလိုက်တော့သည်။

"ဒီနေရာကသရဲခြောက်လို့လေ"

"ဟင် အဟွတ်အဟွတ်"

"ဂရုစိုက်စားမှပေါ့"

ရေခွက်ကမ်းပေးကာဆိုလာသူသည် ဒီလိုစကားကိုစိတ်အေးလက်အေးပြောနေပုံကအံ့သြစရာ။ သက်ဦးသည်ကျောချမ်းကာ ကြက်သီးမွှေးညှင်းတွေပါထောင်ထလာသလိုခံစားလိုက်ရသည်။

"သရဲခြောက်တယ် ဟုတ်လို့လားကိုလေးရ"

"မယုံလဲမတတ်နိုင်ဘူး ကျောင်းသူအုပ်စုတစ်စုကဥပမာရှိထားပြီးသား"

"ကျွန်တော်သိချင်တယ်"

"နားထောင်ရဲလို့လား"

"ပြောမှာသာပြောပါ"

"အိုကေလေ...ငါ ရှစ်တန်းနှစ်ကဖြစ်တာ ကျောင်းသူလေးတွေဒီနားမှာနေ့လည်စာထမင်းစားနေကြတုန်း ငါ့လဲနည်းနည်းကျွေးဆိုပြီးလာတောင်းတာတဲ့၊ အဲ့သရဲမကယောက်ျားသံကြီးနဲ့ရယ်လိုက်ရင်လဲသွားတွေကမဲမဲကြီးတဲ့၊ နောက်ပြီး ခေါင်းအလယ်တည့်တည့်မှာ ပြောင်နေသေးတာတဲ့၊ အဲ့ကျောင်းသူလေးတွေကထမင်းချိုင့်တောင်မသိမ်းနိုင်ဘူးထပြေးကြတော့တာပဲ၊ နောက်ရက်ကျ အဲ့ကျောင်းသူတွေ တစ်ပတ်လောက်ဖျားသွားကြသေးတယ်"

လှိုင်းသက်ရာဆင်းWhere stories live. Discover now