Part 9 {Z+U}

6 1 0
                                    

{ZAWGYI}
"ဟေ့ မင်းဘယ်သူလဲ?"

"ဟင်..."

သူမ လှည့်ကြည့်လိုက်တော့ ခုနက သူမကို ဝင်တိုက်မလိုဖြစ်တဲ့ ကားပေါ်က လူများကို တွေ့လိုက်ရသည်။ သေချာပေါက် နွယ်သွေးမော် တို့ပါပဲ။

"မင်း မင်းက ခုနက မိန်းကလေးမလား ဘာလို့ ငါ့အိမ်ပေါ်ရောက်နေရတာလဲ?"

"ဘာ ဒါက ရှင့်အိမ် ဟုတ်စ ဒုက္ခပဲ.... ဒီမှာ ဒီမှာ ကျွန်မက ဒီအိမ်က ကလေးမလေးကို စာလာသင်မယ့် ဆရာမ မမိုးမြေ့မာန် ပဲ"

"အော်... ငါခေါ်ထားတဲ့ တစ်ယောက်ကို"

"ဒါဆို ကျွန်မရဲ့ အလုပ်ရှင်က ရှင်ပေါ့"

"ဟုတ်တယ်..."

နွယ်သွေးမော် တစ်ယောက်​က လက်ကို ပိုက်ရင်း Style နဲ့ ပြောလိုက်သည်။ အဖြစ်ပျက်တွေကို ကြည့်ရင်း နားမလည်နိုင်သူက မဟူရာ....

"နွယ်..."

"အော် မဟူရာ ပြန်လိုက်တော့လေ"

"ဟင်...."

"သိုက် မဟူရာ့ကို လိုက်ပို့ပေးလိုက်ပါကွယ် မမ သူနဲ့ အလုပ်ကိစ္စ ပြောလိုက်ဦးမယ်"

"ဟုတ်ကဲ့ မမ လာပါ"

မဟူရာ တစ်ယောက် မသွားချင် သွားချင်နဲ့ လိုက်သွားရလေသည်။ နွယ်သွေးမော် တစ်ယောက်တော့ ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။

"ကဲ.... မင်းစာသင်ပေးရမယ့် ကလေးမလေးရဲ့ အုပ်ထိန်းသူက တို့ပဲ... ကဲ ပိုက်ဆံ ကိစ္စ ပြောကြတာပေါ့"

"ဟုတ် ဟုတ်ကဲ့...."

မိုးမြေ့မာန်က ကိုင်ထားတဲ့ အအေးခွက်ကို စားပွဲခုံ ပေါ်တင်လိုက်တယ်။ နွယ်သွေးမော်​က သူမ ပန်ထားတဲ့ နှင်းဆီပန်းကို တွေ့သွားပြီး....

"နှင်း.. နှင်းဆီပန်း"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"ဘာကိစ္စ ငါ့အိမ်ထဲမှာ ရာရာစစ နှင်းဆီပန်း ပန်ရဲရတာလဲ ခုချက်ချင်း သွားလွှင့်ပစ်စမ်း"

"ဟ... ဘာလို့ လွှင့်ပစ်ရမှာလဲ အကောင်းကြီးပဲ ရှိသေးတာကို"

"ငါလွှင့်ဆို လွှင့်လေ နှင်းဆီပန်းကို ငါမကြိုက်ဘူး ကြီးဆုရေ"

🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)Where stories live. Discover now