Part 5 {Z+U}

3 0 0
                                    

{ZAWGYI}

စားမယ် ကြီးဆုရေ စားမယ်

ဒါဆိုလဲ သိုက်နဲ့သာ တစ်ခါတည်းစားလိုက်တော့ကွယ်

ဇာဇာရေ ဒီဇင်ဘာ့ကို သွားခေါ်စမ်းကွယ် ထမင်းစားကြမယ်လို့

ဒီဇင်ဘာက ဒီမှာပါ တီတီနွယ် ရဲ့

အိုး တီတီနွယ်ရဲ့ ချစ်တုံးလေးရေ လာလာ စားကြမယ်

ဟုတ်ကဲ့

ဒါဆို အကုန်စားကြမှာပေါ့

ဟုတ်တယ် ကြီးဆု ဒါနဲ့ ကြီးဆုနဲ့ ဇာဇာတို့ပါ တစ်ခါထဲ ဝင်စားလိုက်ကြလေနော်

ရပါတယ်ကွယ် ကြီးဆုတို့က နောက်မှ စားပါမယ်

မဟုတ်တာ မရပါဘူး တစ်ခါထဲစားရမှာနော် သိုက်

ဟုတ်တယ် ကြီးဆုရယ် စားလိုက်ပါ

ကဲ ကြီးဆုနဲ့ မမဇာ တို့ နှစ်ယောက်လုံး ဒီဇင်ဘာတို့နဲ့ တူတူစားရမယ် ဒါက ဒီဇင်ဘာရဲ့ အမိန့်ပဲဟွန့်

ဟုတ်ပါပြီတော် ဟုတ်ပါပြီ မမလေး ဒီဇင်ဘာ စကားကို နားထောင်ပါ့မယ်တော်

ဟားဟားဟားဟားဟားဟားဟား~~~~~~~~

ထမင်းစားခန်းထဲတွင် ရယ်သံများနှင့် ပြည့်သွားသည်။

ညနေခင်းရောက်လေပြီ~~~~~~

နွယ်သွေးမော် တစ်ယောက် ခေါင်းစားနေပြီ။ ဒီဇင်ဘာလေးတွက် ဘယ်ဆရာမများ သင့်တော်ပေမလဲ။ ခေါင်းထဲတွင် အတွေးပေါင်းများစွာဖြင့်။ နွယ်သွေးမော် အကြံတစ်ခုရသွားသည်။ သူ့ရဲ့ ဖုန်းကို ကောက်ကိုင်လိုက်ကာ content တွင် မှတ်ထားသော နာမည်တစ်ခုကို ရှာဖွေနေလေသည်။

တွေ့ပြီ......

နွယ်သွေးမော် ထိုလူကား ဖုန်းခေါ်ဆိုလိုက်သည်။

ဟယ်လို.... အမရာ

ဟယ်လို.....……… နွယ် ဘာဖြစ်လို့တုန်း?

ငါနင်နဲ့ တွေ့ချင်လို့ နင်အားလား?

အမ် ခုဆိုရင်တော့ မအားဘူးဟ

ငါလဲ ခုပြောတာ မဟုတ်ပါဘူး ညကြမှ

ဘားမှာလား..!

အေး ငါတို့ထိုင်နေကြ ဘားမှာပဲပေါ့....

အေးအေး ဒါဆိုရင်လဲ ပြီးရော ကဲ ဒါပဲနော် နွယ်

🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)Where stories live. Discover now